11 May 2012 |By SHADE Journal
အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ဆယ်လီနာ ဂိုမက်ဇ်အား ဆီးခရက်(Seacreast)လူမှုရေး ဖောင်ဒေးရှင်း သံတမန်အဖြစ် ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။
ဆယ်လီနာ ဂိုမက်ဇ်အား နာမကျန်းသူများနဲ့ ဒဏ်ရာရကလေး ငယ်များကို သွားရောက် ကြည့်ရှု ပေးရန် သ့တမန် အဖြစ် ရွေးချယ်လိုက် ခြင်း ဖြစ်ပါကြောင်း ဆီခရက်က လော့စ်အိန်ဂျလိစ် ရေဒီယိုမှာ သတင်း ကြေညာ ခဲ့ပါတယ်။
သူမဟာ ပြီးခဲ့တဲ့နှစ်က ဖီလာဒယ်ဖီယာကလေး ဆေးရုံမှာကျင်းပတဲ့ ဆီးခရက် ဖောင်ဒေးရှင်း ဖွင့်ပွဲကို တက်ရောက်ခဲ့ သူဖြစ်ပါတယ်။ ဆယ်လီနာ ဂိုမက်ဇ်အား ဆီခရက် ဖောင်ဒေးရှင်းက သံတမန်အဖြစ် ခန့်အပ် လိုက်ခြင်း ကြောင့် အဆိုပါဆေးရုံသို့သွား ရောက်ပြီး ကလေးငယ်တွေကို တရားဝင် ကူညီ အားပေးခွင့်ရရှိတော့ မှာဖြစ်ပါတယ်။
မိမိရဲ့ဇာတိမြို့ ဒါးလက်စ်မြို့ မှာရှိတဲ့ ဒီဆေးရုံက ကလေးတွေကို ကူညီ အားပေးခွင့် ရတော့မှာ ဖြစ်ပါတယ်။ မိမိရဲ့ဇာတိ မြို့ ဒါးလက်စ်မြို့မှာရှိတဲ့ ဒီဆေးရုံက ကလေး တွေကို ကူညီအားပေး ခွင့်ရမှာဖြစ်လို့ ဝမ်းသာ မိပါတယ် လို့လည်း ဆယ်လီနာဂိုမက်ဇ်က ပြော ပါတယ်။
ဆယ်လီနာ ဂိုမက်ဇ်က အမေရိကန်နိုင်ငံ တစ်ဝန်းလုံးမှာ ရှိတဲ့ ကလေးဆေးရုံတွေမှာ ကလေးတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်း ကူညီသွားမယ်လို့လည်း ပြောကြား ခဲ့ပါတယ်။ အဆိုတော် ဆယ်လီနာ ဂိုမက်ဇ်ဟာ အသက် ၁၉နှစ်သာရှိသေးပေမယ့် စိတ်ထားမွန်မြတ် သူဖြစ်ပြီး လူမှုရေးလုပ်ငန်းတွေမှာ တက်တက် ကြွကြွ ပါဝင်လုပ်ကိုင် လျက်ရှိပါတယ်။
0 comments:
Post a Comment