မေလ ၁ရက်နေ့တွင် ကလေးမြို့ ရှမ်းဟုန်းခန်းမ၌ Double Crane (Myanmar) ကုမ္ပဏီသစ်တခု ဖွင့်လှစ်ခဲ့ကြောင့် သိရသည်။
၎င်းကုမ္ပဏီသစ် ဖွင့်ပွဲအခမ်းအနားတွင် ဒေါက်တာ ခင်မောင်မြင့်၊ စာရေးဆရာ သက်ပိုင်ထွန်း၊ ဒေါက်တာ အောင်ဆန်းဝင်း တို့မှ ကျန်းမာရေး ပညာများဟောပြောခဲ့ကြောင့်သိရသည်။
ကလေးမြို့နယ်တဝိုက်ရှိ ဆရာဝန်များ၊ ရပ်မိရပ်ဖများ စုစုပေါင်း လူဦးရည် ၃၀၀ကျော်လောက် တက်ရောက်ခဲ့သည်ဟု ဖွင့်ပွဲတက်ရောက်သူတဦးက ပြောသည်။
ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်လာကြသောလူထုကို ၎င်းကုမ္ပဏီမှကော်ဖီ၊ မုန့်တို့ဖြင့် ဧည်ခံကြောင့် ၎င်းကဆိုသည်။
Double Crane ကုမ္ပဏီ သည် ၁၉၈၇ ခုနှစ်တွင် ထိုင်းဝမ်းနိုင်ငံမှ စတင်ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ပြီး မလေးရှား (၂၄နှစ်)၊ ဂျပန် (၁၆နှစ်)၊ စင်ကာပူ (၁၀နှစ်)၊ ဘရူနိုင်း ( ၈နှစ်)၊ အင်ဒိုနှီးရှား (၇နှစ်)၊ ထိုင်း (၁၃နှစ်)၊ ဟောင်ကောင် (၈နှစ်)၊ မြန်မာ (၁နှစ်) အစရှိသည့် နိုင်ငံများတွင် စတင်လာခြင်းဖြစ်ကြောင့် သိရသည်။
ကုမ္ပဏီသစ် အကြောင်းစိတ်ဝင်စားသူများနှင့် အလုပ်လုပ်လိုသူများအတွက် အောက်တွင် ဖော်ပေးထားပါသည်။ Double Crane Co.Ltd. website: www.shuanghor.com, pau.michael@gmail.com, Tel: 09 4926 2291, 09 40045 7757 လက်ထောက်မန်နေဂျာ မိုင်ကယ်ပေါင် သို့လည်း တိုက်ရိုက်ဆက်သွယ်နိုင်သည်။
0 comments:
Post a Comment