Saturday, May 5, 2012

အိန္ဒိယနိုင်ငံမှ ဂျူးအနွယ်ဝင်များ အစ္စရေးသို့ ပြန်လာခွင့်ရ

ချူရာချန်ပါ- အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဂျူးဘုရားကျောင်း တစ်ကျောင်းတွင် လူတစ်စုက ၎င်းတို့ တစ်သက်လုံး မရောက်ခဲ့သည့် အရပ် ဒေသလည်းဖြစ်၊ နှစ်ပေါင်း ၃,၀၀၀ နီးပါးက စွန့်ခွာခဲ့သည့် ၎င်းတို့ ဘေးဘိုးဘီဘင်များ၏ မွေးရပ်မြေလည်းဖြစ်သည့် မြို့တစ်မြို့ဆီသို့ ပြန်လည်ရောက်ရှိရပါ စေကြောင်း ဆုတောင်းနေကြသည်။

"အိန္ဒိယနိုင်ငံဟာ ငါတို့နိုင်ငံမဟုတ်ဘူး။ ငါတို့ဘေးဘိုးဘီဘင်တွေ ဒီကို ရောက်လာပြီး ဒီမှာပဲ အခြေချနေလာခဲ့ကြတာ။ တို့ဇာတိမြေဟာ အရှေ့ အလယ်ပိုင်းဒေသက ဂျူးတို့ဌာနေ အစ္စရေးနိုင်ငံပဲဖြစ်တယ်။ ငါတို့ ဂျူး လူမျိုး တွေအချင်းချင်း တစ်နေ့နေ့ အမိနိုင်ငံတော်မှာ ပြန်တွေ့ ပေါင်းစည်း မိလာကြမှာ အသေအချာပါ ပဲ" ဟု လူဦးရေ အလွန် နည်းပါးသည့် မာနတ်ဆီလူမျိုးစုအနွယ် ၀င်ဟု ဆိုသူများထဲမှ အသက်အကြီးဆုံး တစ်ဦးဖြစ်သူ ဟန်နီယယ်ရူဘင် (၇၂ နှစ်) ကပြောသည်။

အိန္ဒိယအရှေ့မြောက်ပိုင်းနေ ဂျူးအနွယ်ဝင် တိုင်းရင်းသားများ။
ဓာတ်ပုံ-အေအက်ဖ်ပီ
မာနတ်ဆီမှာ ခရစ်ယာန် သမ္မာကျမ်းစာအရ ဘီစီ ၇၂၀ ပြည့်နှစ် တွင် အဆီးရီးယန်း စစ်ဘုရင်များ ပြည်နှင်ဒဏ်ပေးခဲ့၍ အစ္စရေးမှ ထွက်ခွာ ခဲ့ရပြီးနောက် တိမ်မြုပ်ပျောက်ကွယ် သွားသော လူမျိုးစုများထဲမှ တစ်စု ဖြစ်သည်။

ဘီနိုင်းမီနာရှီဟုလည်း ခေါ်ကြသည့် မာနတ်ဆီလူမျိုးစုသည် မြန်မာနယ်စပ် အနီးရှိ အိန္ဒိယအရှေ့မြောက်ပြည်နယ် များဖြစ်သည့် မီဇိုရမ်နှင့် မဏိပူ ပြည်နယ်များအတွင်း နေထိုင်သော လူဦးရေ ၇,၂၀၀ ၀န်းကျင်ရှိ ကူကီ-ချင်း-မီဇို လူမျိုးစုတွင် ပါဝင်သည်။

အိန္ဒိယမှ မာနတ်ဆီများသည် ၁၉ ရာစုနှစ်မတိုင်မီကတည်းက ခရစ်ယာန် ဘာသာဝင်များ ဖြစ်လာခဲ့ကြပြီး ခရစ်ယာန် သမ္မာကျမ်းစာ များကို ဖတ်ခဲ့ကြရာမှ ဂျူးရိုးရာဓလေ့များကို ကိုယ်ပိုင်အဖြစ် သက်ဝင်ကျင့်သုံးလာ ခဲ့ကြသည်။

ဘီနိုင်း မီနာရှီတို့၏ ဘေးဘိုးဘီဘင် သမိုင်းတင်ပြမှုများသည် ကူကီ-ချင်း- မီဇို လူမျိုးစုအတွင်း ထောက်ခံမှု မရရှိခဲ့ သော်လည်း ၁၉၈၀ ပြည့်လွန်နှစ်များမှ စ၍ ဂျူးအဖွဲ့အစည်းများက စိတ်ဝင် စားလာခဲ့ကြသည်။

၁၉၉၀ ပြည့်လွန်နှစ် နှောင်းပိုင်းတွင် ဘီနိုင်းမာနတ်ရှီ အစုအဖွဲ့အချို့ အစ္စရေးသို့ ရောက်ရှိခဲ့ပြီးနောက် ဘာသာပြောင်း၍ အစ္စရေး၌ တရားဝင် နေထိုင်ခဲ့ကြသည်။

၂၀၀၅ ခုနှစ်တွင် အစ္စရေးမှ ဆီဖားဒီး ဂျူးလူမျိုးစုခေါင်းဆောင် ရက်ဘီ ရှလိုမို အေမာက ဘီနိုင်းမာနတ်ရှီ လူမျိုးစုဝင် အားလုံးကို အစ္စရေးမျိုးနွယ်ဝင်များ အဖြစ် တရားဝင်အသိအမှတ်ပြု လက်ခံခဲ့ချိန်မှစ၍ အစ္စရေးသို့ပြန်လည် ပြောင်းရွှေ့နေထိုင်ရန် အခွင့်အလမ်း များ ပိုမိုခိုင်မာလာခဲ့သည်။

ယင်းအခြေအနေသည် အစ္စရေး အစိုးရသစ်၏ မူဝါဒကြောင့် ၂၀၀၇ ခုနှစ်တွင် တုံ့ဆိုင်းသွားခဲ့ပြန်သည်။

၂၀၁၁ ခုနှစ်၊ ဇူလိုင်လတွင်မူ လူဝင်မှုနှင့် သိမ်းသွင်းမှုဆိုင်ရာ ၀န်ကြီးအဆင့် ကော်မတီက အိန္ဒိယနိုင်ငံတွင် ကျန်ရှိ နေသေးသော ဘီနိုင်း မီနာရှီ လူမျိုးစုဝင် ၇,၂၀၀ စလုံးအား အစ္စရေးသို့ ပြန်လာခွင့် ပြုလိုက်သည်။
Ref: Mmtimes

0 comments:

Post a Comment