03 May 2012| By itTimes
ကမ္ဘာ့ အသေးဆုံးလို့ လျှပ်စစ်ကားဟု သတ်မှတ်ရမည့် ဓာတ်လှေကားအတွင်း သယ်ယူသွားနိုင်သည့် ကားအမျိုးအစားတစ်မျိုးကို မကြာမီကာလအတွင်း ဈေးကွက်အတွင်း ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
ကား၏ အရွယ်အစားမှာ တစ်မီတာသာ အကျယ်ရှိပြီး အမြင့် ၁ ဒသမ ၅ မီတာရှိကာ အလေးချိန် ၃၅၀ ကီလိုဂရမ်သာ ရှိသည်ဟု သိရသည်။ အဆိုပါ လျှပ်စစ်ကား အား စမ်းသပ် မောင်းနှင်မှုတွင် အမြင့်ဆုံးအနေဖြင့် တစ်နာရီကို မိုင် ၃၀ ခန့်မောင်းနှင်နိုင်မည်ဖြစ်သည်။
ကား၏ နောက်ဘက်တွင် ခရီး ဆောင်အိတ်ကြီးများ ထည့်ရန် နေရာမရှိသည့် အတွက် ခရီးဝေး သွားသူများနှင့် အဆင်မပြေနိုင်ဟု သုံးသပ်ရသည်။ ၄င်းလျှပ်စစ် ကား ကို စတာလင်ပေါင် ၅၆၀ဝ ဈေးနှုန်းသတ်မှတ်ထားပြီး ၂၀၁၃ ခုနှစ်အစောပိုင်းတွင် ဥရောပ ဈေးကွက်သို့ ဖြန့်ချိမည် ဖြစ်သည်။
0 comments:
Post a Comment