Friday, May 4, 2012

Web Developer အဖြစ် ရပ်တည်လို သူများ PHP တန်းခွဲသစ် ဖွင့်လှစ်မည်

03 May 2012| By Net Guide
ပြည်တွင်း/ ပြည်ပတွင် အလုပ်အကိုင် အခွင့်အလမ်းများပြားလျက်ရှိသော Web Developer တစ်ဦး အဖြစ်ရပ်တည် လိုသူများအတွက် Info Myanmar Computer Studies မှ PHP တန်းခွဲကိုဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တန်းခွဲအား မေလ လဆန်းပိုင်းတွင် စတင်ဖွင့်လှစ် သင်ကြား ပေးသွား မည် ဖြစ်ပြီး သင်တန်းကာလ အနေဖြင့် ၂ လခန့် ကြာမြင့်မည် ဖြစ်သည်။ PHP တန်းခွဲ သစ်အား ပုံမှန်တန်းခွဲနှင့် ရုံးချိန် လွတ်တန်းခွဲ နှစ်မျိုးဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်သည်။

PHP တန်းခွဲသစ်တွင် Web Programming Language တစ်ခုဖြစ်သော PHP အကြောင်းအား အခြေခံမှစတင်ကာ လုပ်ငန်းခွင် ဝင်ရောက် ရေးသား နိုင်သည် အထိ သင်ကြား ပြသ ပေးသွားမည် ဖြစ်သည်။

သင်တန်းကာလ အတွင်း Lesson များနှင့်အတူ Project များကိုပါ လေ့လာ သင်ယူရမည် ဖြစ်ပြီး သင်တန်းပြီးဆုံးသွားပါက သင်တန်းသား တစ်ဦး အနေဖြင့် ကိုယ်တိုင် Dynamic Website တစ်ခု အားဖန်တီးရေးဆွဲနိုင်မည်ဖြစ်သည်။

PHP သင်ယူသော ကျောင်းသား များအနေဖြင့်IMCS မှ Web Server ကိုယ်ပိုင်ဝယ်ယူထားခြင်းကြောင့် လက်တွေ့သင်ကြားမှုပိုင်းကို Web ဘပေါ်တွင် ပြုလုပ်နိုင်မည် ဖြစ်ပြီး၊ လုပ်ငန်းခွင်ဝင်ရောက်ရာတွင်လည်း များစွာအထောက်အကူရရှိနိုင်မည် ဖြစ်သည်။

သင်ရိုးအနေဖြင့် နိုင်ငံ တကာမှသင်ရိုးများကို အခြေခံပြီး သင်ကြားပေးသွားမည်ဖြစ်ပြီး လုပ် ငန်းခွင် ကျွမ်းကျင်မှုရှိစေရန် အဓိက သင်ကြားပေးသွားမည်ဖြစ် သည်။ သင်တန်းပြီးဆုံးသွားပါက ပြည်တွင်း/ပြည်ပရှိ Software House များတွင် PHP Web Developerတစ် ဦးအဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ပြီး Freelance Web Developer တစ်ဦး အဖြစ်လည်း အသက်မွေးနိုင်မည် ဖြစ်သည်။

သင်ကြားမှုအနေဖြင့် PHP ဖြင့် Web Site ရေးသားနည်း၊ Data-base ချိတ်ဆက်နည်း၊ Cpannel အသုံးပြုနည်းတို့အပြင် Web Knowledge ပိုင်းဆိုင်ရာ ပညာရပ် များနှင့်တကွ Public Server (Server 2008) တစ်လုံးပေါ်တွင် IIS Service နှင့်ချိတ်ဆက်၍ Real World တွင် အသုံးပြုနေသောပုံစံအတိုင်း Network ပိုင်းဆိုင်ရာ Concept များ ကိုပါ ပြည့်စုံစွာသင်ကြားပို့ချမည် ဖြစ်သည်။ သင်တန်းသား အရေ အတွက် ကန့်သတ်ထားပြီး စိတ်ပါ ဝင်စားသူများအနေဖြင့် Info Myanmar Computer Studies ဖုန်း-ဝ၁ ၅၃၆၅၆၄၊ ဝ၉၇၃၀၂၅၄ ၉၅ သို့ ဆက်သွယ် စုံစမ်းတက်ရောက် နိုင်မည်ဖြစ်သည်။

0 comments:

Post a Comment