Friday, May 18, 2012

မြန်မာ့အင်တာနက်လိုင်း အခြားတိုင်းပြည်များအတိုင်း ဖြစ်လာတော့မည်

18 May 2012|By itTimes
မြန်မာနိုင်ငံ၏ Internet Data Serviceကို နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်အောင် ကြိုးစားနေသည့်အတွက် မကြာမီ အင်တာနက် လိုင်းများ နိုင်ငံခြား တိုင်းပြည်များ အတိုင်း ဖြစ်လာတော့မည်   ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၉-၅-၂၀၁၂ ရက်က သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ တာဝန်ရှိသူ တစ်ဦးကလည်း "အင်တာနက်လိုင်းတွေနှေးနေတာက ကျွန်တော်တို့ဘက်က နည်းပညာပိုင်းရော၊ Infrastructure (အခြေခံလို အပ်သည့်စနစ်) တွေရောလိုလို့ပါ။ ကျွန်တော်တို့ ဌာနရဲ့ဖွဲ့စည်းပုံ၊ ဝန်ထမ်းအင်အား၊ ငွေကြေး အနေအထားအရတတ်နိုင်သမျှ အင်တာနက် လိုင်းတွေ ကောင်းအောင် လုပ်နေပါတယ်။

အင်တာနက် နှေးတာကလည်း နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်အောင် ကြိုးစား နေတဲ့ကာလ ဖြစ်တဲ့ အတွက်ကြောင့်ပါ။ အကူး အပြောင်းလေးမှာ သည်းခံ စေချင်တယ်။ ကျွန်တော်တို့ဘက်ကလည်း အခုဆိုရင် 3G Service ထိ တိုးပေးလိုက်ပါပြီ။ အရင်ကထက်စာရင်တော့ လိုင်းတွေ ကောင်းနေ ပါတယ်။

အင်တာနက် လိုင်းတို့ နိုင်ငံတကာ ရေအောက်ကေဘယ်လ် တစ်ခုတည်း အားမကိုးဘဲနဲ့ တခြားလမ်းကြောင်းတွေ နယ်စပ်ဖြတ်ကျော် အနေအ ထားတွေကနေ ယူဖို့ ရှိတယ်။ ဝန်ကြီးဌာနကလည်း အရင်က 8 GB လောက် ရှိနေတာကို အခု 16 GB လောက်လိုင်းတွေ ထပ်ဝယ်နေပါပြီ။

ကျွန်တော်ပြောချင် တာကတော့ အခိုက်အတန့်အကူးအပြောင်းလေးမှာ အကောင်းဆုံးဝန်ဆောင်မှု ကို ပေးနိုင်အောင် ဆောင်ရွက်နေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် နေ့ချင်းည ချင်းတော့ မဖြစ်နိုင်သေးတဲ့အတွက် တဖြည်းဖြည်းချင်းတော့ နိုင်ငံခြားတိုင်းပြည် တွေကို မှီလာတော့မှာပါ" ဟု ပြောကြားသည်။

၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် Sea Game တွင် အင်တာနက်လိုင်းများအတွက် နိုင်ငံတကာမှ အတွေ့အကြုံရှိ သည့် ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး နိုင်ငံခြားမှ နည်း ပညာများဖြင့် ယခင်ကထက် အင်တာနက်ကော်နက်ရှင် ကောင်းကောင်းပေးနိုင်ရန် စီမံဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန် တစ်မြို့လုံးမှ 3G Network ကိုလည်း ကောင်းသည်ထက်ကောင်းအောင် လုပ်ဆောင်နေပြီး Network စနစ်ဖြစ်သည့် ဗီဒီယိုဖိုင်များ ပို့နိုင်အောင် လည်း လုပ်ဆောင်နေကြောင်း သိရသည်။

0 comments:

Post a Comment