Tuesday, May 15, 2012

facebook တီထွင်သူ မွေးနေ့

Monday, May 14, 2012  By: Eaint Than Zin

ဒီကနေ့ မေလ ၁၄ ရက်နေ့ကတော့ နေ့စဉ် မနက်မိုးလင်းကနေ မိုးချုပ် အိပ်ရာထဲ ရောက်တဲ့ အချိန်အထိ မသုံးရ မနေနိုင်အောင်ကို ဆွဲဆောင်ထားတဲ့ FACEBOOK ဆိုသောအရာကို ဖန်တီးခဲ့သူ Mark Elliot Zuckerberg ရဲ့ အသက် ၂၈ နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။

သူက ၁၉၈၄ ခုနှစ် မေလ ၁၄ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု နယူးယောက်မှာ မွေးဖွားခဲ့တာပါ။ သူဟာ ကွန်ပျူတာ ပရိုဂရမ် ရေးသူ၊ အင်တာနက်မှာ စွန့်ဦးတီထွင်သူအဖြစ် နာမည်ကြီးတာဖြစ်ပြီး သူ့ကြောင့်ပဲ ဖေ့စ်ဘုတ်ဆိုတာကို လူတွေ သုံးစွဲနိုင်ကြ၊ ကင်းကွာနေတဲ့ မိတ်ဆွေတွေပြန်တွေ့ကြ၊ အသစ်ဖြစ်ကြနဲ့ အွန်လိုင်း နို်င်ငံတော်ကြီးလည်း ဖြစ်နေပါပြီ။

ကမ္ဘာကြီး ပြားသွားပြီဆိုတဲ့အတိုင်း ဖေ့စ်ဘုတ်ဟာ နယ်ခြားမျည်းတွေကို ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း Zuckerberg ဟာ တမဟုတ်ချင်း ဘီလျံနာ တဦးလည်း ဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ ကြွယ်ဝ ချမ်းသာမှုကတော့
အမေရိကန် ဒေါ်လာ ၁၇.၅ ဘီလျံ ရှိတယ်လို့ ခန့်မှန်းပြောဆိုကြပြီး သူဟာ ကမ္ဘာပေါ်က ဘီလျံနာတွေထဲမှာ အသက်အငယ်ဆုံးလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ကအိမ်မှာ သူ့ရည်းစားနဲ့အတူ နေထိုင်လျက် ရှိတယ်၊ Beast လို့ အမည်ရတဲ့ ခွေးကလေးလည်း မွေးထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

Happy birthday Zuckerberg!

0 comments:

Post a Comment