Tuesday, May 15, 2012

ထိုင်း ကျောင်းခွဲများ မြန်မာနိုင်ငံတွင် ဖွင့်မည်

14 May 2012  | By The Voice Journal

Bangkok School of Management မြန်မာနိုင်ငံတွင် ကျောင်းခွဲ ဖွင့်မည်ထိုင်း နိုင်ငံရှိ Bangkok School of Management (BSM) က မြန်မာ နိုင်ငံတွင် ပထမဦးဆုံး ကျောင်းခွဲ သစ်ကို Smart Resources (SR) ပညာရေး သင်တန်း ကျောင်းနှင့် ချိတ်ဆက်၍ စက်တင်ဘာလတွင် ရန်ကုန်၌ စတင်ဖွင့် လှစ်တော့မည် ဖြစ်ကြောင်း ယင်းသင်တန်းကျောင်း အထွေထွေမန်နေဂျာ ဒေါ်ရွှေရည်မွှန်းက ပြောကြားသည်။

အဆိုပါ ကျောင်းခွဲ သစ်မှာ မြန်မာ နိုင်ငံတွင် ၂နှစ်တက်ရမည်ဖြစ်ပြီး ကျန် စာသင်နှစ် တစ်နှစ်ကို ထိုင်းနိုင်ငံရှိ BSM ကျောင်းတွင်ဖြစ်စေ၊ ယင်းနှင့် ချိတ်ဆက် ထားသော ဗြိတိန်၊ အမေရိကတို့မှ ကျောင်းခွဲများတွင်ဖြစ်စေ တက်ရောက် နိုင်ကြောင်း၊ စာသင်နှစ် ၂နှစ်ပြီးဆုံးပါ က BSM မှ အသိအမှတ်ပြုဒီပလိုမာ လက်မှတ်ရရှိမည် ဖြစ်ကြောင်း SR ပညာရေး သင်တန်းကျောင်းထံမှ သိရသည်။

သင်ကြားရေး ပိုင်းတွင် နိုင်ငံတကာမှ ဘွဲ့ရရှိထားသော မြန်မာနိုင်ငံမှ ပါမောက္ခများအပြင် နိုင်ငံတကာမှ ဧည့်ပါမောက္ခများကပါ လာရောက်သင်ကြားပေးမည်ဖြစ်ပြီး အင်္ဂလိပ် ဘာသာဖြင့်သာ သင်ကြားပေးမည်ဖြစ်ကြောင်း ဒေါ်ရွှေရည်မွှန်းက ပြောကြားသည်။

Bangkok School of Management ကို ၁၉၉၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ စတင် ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာအနှံ့အပြားမှ တက္ကသိုလ်များစွာဖြင့် ချိတ်ဆက်ထား သော ကျောင်းတစ်ကျောင်းဖြစ်သည်။

အဆိုပါ ကျောင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Smart Resources International Study Centre ၊ MWEA တာဝါ၊ ပထမထပ်၊ ဖုန်း- ၃၇၄၇၄၈၊ ၃၈၁၆၁၀ ကို ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။

Wall Street ကျောင်းခွဲ ၁ဝ ခု မြန်မာပြည် လာဖွယ်ရှိ

အင်္ဂလိပ်စာသင်တန်းကျောင်းတွေ ဖွင့်နေတဲ့ Wall Street Institute က မြန်မာပြည်မှာလည်း ကျောင်းခွဲတွေ ထားချင်နေကြောင်း ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ တွေ့ရပါတယ်။
http://www.bangkokpost.com/business/economics/288505/english-school-doubling-size

ကျောင်းခွဲ ၁၀ ခု ဖွင့်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုတယ်။ မြန်မာပြည်ထဲဖွင့်မယ်ဆိုတဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး ဒီထက်ပိုပြီး သတင်းထဲမှာ မတွေ့ရပါဘူး။

ဘာသာစကားသင်တန်းကျောင်းလုပ်ငန်း လုပ်လာတာ ဆယ်နှစ် ပြည့်တော့မယ့် ဒီအဖွဲ့က ဘန်ကောက်နဲ့ဝန်းကျင်မှာတော့ ကျောင်းခွဲတွေ အများအပြား ဖွင့်ထားတာပါ။

သင်တန်းဆရာ ဆရာမတွေအဖြစ် အနောက်နိုင်ငံသားတွေကို ငှားထားတယ်၊ သင်တန်းတွေကို အခြေခံကနေ အဆင့် ၁၇ ခု အထိ ခွဲထားတယ်၊ တန်းခွဲတခုကို တနှစ်ခွဲ တက်ရမယ်၊ ဈေးကတော့ မသေးပါ၊ အဲဒီတနှစ်ခွဲအတွက် သွင်းရမယ့်ငွေက ဘတ်ခြောက်သောင်း ကနေ တသိန်းအထိ ရှိပါတယ်။ (ဘတ်ခြောက်သောင်းက ဒေါ်လာနှစ်ထောင်နဲ့ ညီမျှပါတယ်)

နောက် ၃ နှစ်မှာ ကျောင်းခွဲပေါင်း ၃ဝ အထိ ရှိနိုင်ဖို့ စီစဉ်နေပါတယ် တဲ့။

ဒီလို ကျောင်းခွဲတွေ ဖွင့်နေရတဲ့ အကြောင်းရင်းတွေထဲမှာ AEC လို့ ခေါ်တဲ့ အာဆီယံ စီးပွားရေး အသိုက်အ၀န်း ပေါ်ပေါက်ခါနီး ထိုင်းတွေ အင်္ဂလိပ်ဘာသာ ပိုပြီး စိတ်ဝင်စားလာကြခြင်း ဆိုတာလည်း ပါဝင်နေပါတယ် တဲ့။

အာဆီယံ ဆယ်နိုင်ငံဘုံဈေးကွက် တည်ထောင်ချိန် ၂၀၁၅ ရောက်ရင် ဗီယက်နမ်မှာလည်း ကျောင်းခွဲ ၅ ခုတော့ သွားဖွင့်မယ်လို့ ဆိုတယ်။

ဒါကတော့ ဘန်ကောက်ပို့စ်မှာ ဖတ်လိုက်ရတဲ့ အာဆီယံဘုံဈေးကွက်ကို ပစ်မှတ်ထားကြတဲ့ ဘာသာစကားသင်တန်းကျောင်း စီးပွားရေးလုပ်ငန်းသတင်းတပုဒ် ဖြစ်ပါတယ်။

0 comments:

Post a Comment