ကချင်ပြည်နယ်ရှိ အကြီးဆုံးတရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်ခဲ့သည့် လဂျားယန် စုပေါင်းဂိတ်အား မြန်မာအစိုးရလက်အောက်မှ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)က ပြီးခဲ့သည့်အပတ် ကုန်ပိုင်းတွင် ပြန်လည်သိမ်းယူနိုင်ခဲ့သည်
ဧပြီ ၂၆ ရက် တနေ့နီးပါး အစိုးရစစ်ကြောင်းနှင့် ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားပြီးနောက် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ်ရှိ လဂျားယန်ကျေးရွာမှ အစိုးရစစ်စခန်းအားလုံးနှင့် စုပေါင်း (ဌာနပေါင်းစုံ) ဂိတ်ကို KIA တပ်ဖွဲ့များ ၀င်ရောက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု ရွာသားများပြောသည်။
လဂျားယန် မြန်မာစစ်စခန်းနှင့် စုပေါင်းဂိတ်ကို KIA မှ သိမ်းပိုက်နိုင်ခဲ့သော်လည်း ၂၀၀၄ ခုနှစ်ကတည်းက KIA မှ သိမ်းယူသော ရွာအနီး Lung Rawk စခန်းတွင် မြန်မာစစ်သားများ ရှိနေဆဲဖြစ်သည်။ |
၁၉၉၄ အပစ်ခတ်ရပ်ဆိုင်းရေး မတိုင်ခင် KIO/KIA ထိန်းချုပ်သည့် လဂျားယန်ကျေးရွာသည် ယခု KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာ၏ အနောက်တောင်ဘက် ၄ မိုင်ခန့် အကွာတွင်ရှိပြီး လိုင်ဇာမြို့မှတဆင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး လည်ပတ်နေခြင်းဖြစ်သည်။
ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၁ ဇွန်လ စစ်ပွဲ မတိုင်ခင် ကာလအထိ ယင်းဂိတ်သည် အကြီးဆုံးဖြစ်ခဲ့သည်။
စစ်ကြောင့် အခြား တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်ကြသည့် မြစ်ကြီးနား-ကန်ပိုင်တီလမ်း၊ ဗန်းမော်-လွယ်ဂျယ်လမ်းနှင့် ဗန်းမော်-နမ့်ခမ်းလမ်း များကလည်း ပုံမှန် လည်ပတ်နိုင်ခြင်း မရှိပေ။
Ref: KNG
0 comments:
Post a Comment