02 May 2012|By Net Guide
အရည်အချင်း ပြည့်ဝစွာ သင်ကြားနိုင်ရေး၊ ကျွမ်းကျင် ဝန်ထမ်းများ ဖြစ်ပေါ် လာစေရေးကို ဦးတည်၍ အလုပ်ခွင် အတွေ့အကြုံနှင့် သင်ယူ လေ့လာမှုကို တစ်ပြိုင်နက် ရရှိနိုင်မည့် ကွန်ပျူ တာNetwork Engineer အလုပ် သင်ဝန်ထမ်း သင်တန်း အမှတ်စဉ် (၉)ကို မေလတွင် NAWARAT မှ ဖွင့်လှစ် သင်ကြားမည် ဖြစ်ကြောင်း သိရသည်။
သင်တန်းကာလ အတွင်း သင်တန်းသားများသည် တူညီဝန် ထမ်းဝတ်စုံမှ အစ ဝန်ထမ်းတစ်ဦး ကဲ့သို့ နေ့စဉ်အလုပ်လုပ်ကိုင်ရ မည်ဖြစ်ပြီး အဆင့်မြင့် ပညာရပ် များကိုလည်း အချိန်ပိုင်း သင်ကြား သွားရမည်ဟု သိရသည်။
သင်ကြားရမည့် ဘာသာရပ် များမှာLong Distance Wireless Network တည်ဆောက်ပုံ၊ Wireless Router Setup, IP Camera, CCTV တပ်ဆင်အသုံးပြုပုံ၊ Windows Server 2003 မှစ၍ ISA Server, Mail Server, Exchange Server အကြောင်း၊Cafeezee, Internet Software အမျိုးမျိုး၏ှSetup နည်းပညာ များ၊ LAN Game Installation များဖြစ် ပါသည်။
သင်ကြားပုံ နည်းစနစ် အနေဖြင့် တစ်ဦးနှင့်တစ်ဦး ပူး ပေါင်းဆောင်ရွက်လိုစိတ်များ၊ အုပ် စုခေါင်းဆောင်များထံမှ အမိန့်နာခံ လိုက်နာတတ်မှု၊ စည်းကမ်းလိုက် နာမှုများ ဖြစ်ပေါ်လာစေရေး အ တွက် အုပ်စု(၃)စု အမှတ်ပေးစနစ် ဖြင့် ယှဉ်ပြိုင်လုပ်ကိုင်ရမည်ဖြစ်ပါ သည်။
ထို့ကြောင့် Practical A+ အောင် လက်မှတ်ကိုင်ဆောင်ထားပြီး လုပ် ငန်းခွင် အတွေ့အကြုံလို အပ်နေသူများ၊ Network Engineering ရရှိ လိုသူများအတွက် သင့်တော်သော သင်တန်းတစ်ခုဖြစ်ပြီး သင်တန်း ချိန် မနက် (၉) နာရီခွဲမှ ညနေ ၅ နာရီအထိ တစ်ပတ် ၆ ရက်ဖြင့် ၆လကြာ စခန်းသွင်း အထူးလေ့ ကျင့် ပေးသွားမည်ဟု သိရသည်။
အသေးစိတ် ထပ်မံသိရှိ စုံစမ်းလို သည်များရှိပါက ဖုန်း-ဝ၉-၇၃၀၃ ၂၃၃၃ နှင့် Program Director & Lecturer ဦးမင်းသူဟန် ဖုန်း- ဝ၉ ၅၁၆ ၄၆၃၆ သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်း သိရှိရပါသည်။
အခုမှစတက်ချင်တာပါ
ReplyDeleteသင်တန်းကဘယ်မှာတက်ရမှာပါလဲ