Thursday, May 17, 2012

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရာမှာ သတိထားစရာ အချို့

16 May 2012|By Health Digest

မျက်စိများကို အကာအကွယ် ပေးပါ။ နေပူထဲမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများများ လုပ်တဲ့သူများ အနေနှင့် မျက်စိများကို နေရောင်ထဲတွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည် (UV Rays)ဒဏ်မှ အကာအကွယ်ပေး သင့်ပါတယ်။

UV (Ultraviolet) ရောင်ခြည်လှိုင်း အတော်များများ (Broad-Spectrum UV)ကို အကာအကွယ်ပေးတယ်လို့ သတ်မှတ်ထားတဲ့ မျက်မှန်များကို တပ်ဆင်ပါ။ ယေဘုယျအားဖြင့် မီးခိုးရောင်မှန်တွေက အညိုသို့မဟုတ် အစိမ်းရောင်မှန် များထက် UV ရောင်ခြည်ကို ပိတ်ဆို့ ကာကွယ်ရာမှာပိုပြီးထိရောက်ပါတယ်။

- ပြေးသူများ ဒါမှမဟုတ် ရွရွပြေး သူများ (Joggers) မှာ ညို့သကျည်း ကြွက်သားများ ရောင်ခြင်းအဖြစ်များ တတ်ပါတယ်။ အပြေးလေ့ကျင့်ခန်း ပြုလုပ်သူများအနေဖြင့် အပြေးရှူးဖိနပ် ကောင်းကောင်း သုံးသင့်ပါတယ်။ ဒါ့အပြင် သိပ်မမာတဲ့ မျက်နှာပြင်များ မှာ ပြေးသင့်ပါတယ်။ ဥပမာအားဖြင့် မြေလမ်း ဒါမှမဟုတ် သစ်သားစများ ဖုံးနေတဲ့လမ်းစသည်တို့ဟာ ကွန်ကရစ် လမ်းနှင့်စာလျှင် ပိုကောင်းပါတယ်။

-ပြေးဖိနပ်များနှင့် ပြေးတဲ့အခါ ခြေထောက်များမှာ အရည်ကြည်ဖုများ၊ မီးလောင်ဖုများ (Blisters) မဖြစ်ရအောင် ပြေးဖိနပ်အသစ်ကို ဟပြီး အရည်ကြည်ဖု ဖြစ်နိုင်တဲ့ နေရာများမှာ ပက်ထရိုလီယမ်ဂျယ်လီ ဒါမှမဟုတ် Calendular လိမ်းဆေး သုတ်လမ်းပြီး ယင်းနေရာများမှာ ပတ်တီးစည်းထားပါ။ အခလစ်ဖိုင်ဘာ(Acrylic Fibre) နှင့် ပြုလုပ်ထားတဲ့ အားကစားသမားသုံး ခြေစွပ်များကို အသုံးပြုပါ။ ယင်းတို့က ပွတ်တိုက် မှုဒဏ်ကို လျော့ပါးစေပါတယ်။

0 comments:

Post a Comment