Thursday, May 17, 2012

ပြန်ဖျက်လို့ရမယ့် ဆေးမင်ကြောင်များ လာပြီ

16 May 2012  |By Health Digest

ခန္ဓာကိုယ်ပေါ် ရေးဆွဲတဲ့ ပန်းချီပုံစံမျိုးကို တန်ဖိုးထားသူများ အတွက်ဓှာ "Smart Tattoos" လို့ ခေါ်တဲ့ မလိုရင် ပြန်ဖျက်နိုင်တဲ့ ဆေးမင်ကြောင် ထွက်ပေါ်လာနေပါပြီ။ ယင်းနည်းမှာ အသုံးပြုတဲ့ ဆိုးဆေး၊ ခြယ်ဆေးတွေ (Pigments) ဟာ ဆေးဝါးများ၊ အလှကုန်များ၊ အစားအစာနှင့် ဆေးဘက်ဆိုင်ရာ နယ်ပယ်မှာ အသုံးပြုနေတဲ့ မင်များပဲဖြစ်တယ်။

ယင်းမင်များကို အဏုကြည့်မှန်ပြောင်းဖြင့် ချဲ့ထွင်ကြည့်မှ မြင်နိုင်တဲ့ အလွန်တရာသေးငယ်တဲ့ ပေါ်လီမာစေ့လေးများထဲ ထည့်ငုံထားပြီး အရေပြားထဲ ထိုးသွင်းတဲ့အခါ ဆေးမင်ကြောင် ဖြစ်လာပါတယ်။

ဆေးမင်ကြောင်ကို ဖျက်လိုတယ်ဆိုရင် လေဆာနှင့် တစ်ကြိမ်တည်း ပစ်ခြင်းဖြင့် မင်ပါတဲ့ ပုတီး စေ့လေးများဟာ ကွဲထွက်ပြီး မင်က အရေပြားထဲရောက်လာမယ်။ ယင်းကို အရေပြားက အန္တရာယ်ကင်းစွာ စုပ်ယူခြင်းဖြင့် ပျောက်ကွယ်သွားမယ်။ သမားရိုးကျဆေးမင်ကြောင်များကို ဖျက်တဲ့အခါ လေဆာဖြင့်ပြုလုပ်ရတဲ့အတွက် ငွေကြေးကုန်ကျပြီး နာကျင် မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

0 comments:

Post a Comment