Wednesday, June 13, 2012

Apple ရဲ့  နည်းပညာသစ် iOS 6 မိတ်ဆက်

ဟွဏ်းဘီးလ်။    ။ ဆန်ဖရန်စစ္စကိုတွင် Apple ကုမ္ပဏီမှ ဦးစီးကျင်းပသည့် ကမ္ဘာတစ်လွှားရှိ ကွန်ပျူတာနှင့် အင်တာနက် နည်းပညာကျွမ်းကျင်သူများ နှီးနှောဖလှယ်ပွဲ၌ Apple ကွန်ပျူတာ ကုမ္ပဏီက
မကြာခင်ဖြန့်ချိမည့် Mountain Lion(Cougar)မှ ပါဝင်မည့် Operating System နဲ့ 
iOS 6 ကို မိတ်ဆက် ပြသခဲ့ပါတယ်။

iOS 6 မှာ ကဏ္ဍ ၂၀၀ ကျော်မှာ ပါဝင်မှာ ဖြစ်ပြီး GPS စနစ် မှာတော့ အရင်အသုံးပြုခဲ့တဲ့ Google
map ကို အသုံးပြုမှာ မဟုတ်တော့ပဲ 3D ရုပ်ကြွ စနစ်ပါဝင်တဲ့ Apple ရဲ့  မြေပုံ စနစ်သစ်ကို
အသုံးပြုမှာ ဖြစ်ပါတယ်။ iOS6 ဟာ Facebook , Twitter စတဲ့ လူမှု မီဒီယာ တွေကို အလွယ်
တကူ ချိတ်ဆက် ဆက်သွယ်နိုင်မယ့် အစီအစဉ်တွေလဲ ပါဝင်ပါတယ်။

စက်တင်ဘာ လဆန်းမှာ ထုတ်ဝေမယ့် Mac Book Pro နဲ့ Mac Book Air ဟာ ယခင်ထွက်ရှိပြီး
Mac Book တွေထက် ပိုမိုပေါ့ပါး သေးငယ်မှာ ဖြစ်ပြီး Mac Book Pro ဟာ တစ်လက္ခမ ၄ ပုံ
၃ ပုံ နီးပါးပဲထူမှာ ဖြစ်ပါတယ်။

iPad 3 နဲ့  iPhone နောက်လာမယ့် မျိုးဆက် တွေ မှာ အသံနဲ့  အမိန့် ပေးလို့ ရပြီး နေရာနဲ့  မှတ်တမ်းရှာဖွေမှုတွေ မှာအကောင်းဆုံး အာရုံခံလုပ်ဆောင်မှု ဖြစ်တဲ့ Siri Voice Command စနစ်ပါရှိ
လာမှာ ဖြစ်ပါတယ်။ Siri ဟာ iPhone 4 မှာ စတင် ပါရှိခဲ့ပြီး လူကြိုက်များတဲ့ ဖန်ရှင်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဇူလိုင်လမှာ Mountain Lion စီမံခန့် ခွဲမှုစနစ် ထွက်ရှိလာခဲ့ရင် ယခင် OS စနစ်ဟောင်းတွေ
ဖြစ်တဲ့ OSX Lion နဲ့  Snow Leopard စတဲ့ OS စနစ်တွေဟာ အခမဲ့အဆင့် မြှင့်တင်မှုပြုလုပ်
နိုင်မှာ ဖြစ်ပါတယ်။

Mac Book Pro ဟာ ဒေါ်လာ ၁၂၉၉ ကျသင့်မှာ ဖြစ်ပါတယ်။ Apple က သူ့ ရဲ့  နည်းပညာသစ်တွေ
နဲ့ ပတ်သက်ပြီး သတင်းထုတ် ပြန် ခဲ့ ပေမယ့် iPhone 5 နဲ့  ပတ်သက်ပြီး ထည့်သွင်း ပြောကြားခြင်း
မရှိခဲ့ပါဘူး။
Ref: FNG

0 comments:

Post a Comment