Wednesday, June 13, 2012

ချင်းပြည်နယ်တွင် NLD မှ ပညာရေးဒါနပြု

ဟွဏ်းဘီးလ်။    ။ ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် ချင်းစာပေ သင်ကြားနိုင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေး ကွန်ယက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ပညာရေးဖွံ့ဖြိုးရေးရံပုံငွေမှ ၁၀ သိန်းတိတိကို ပေးအပ်လှူဒါန်းခဲ့ကြောင့် ချင်းဝေါလ်မီဒီယာတွင် ဖေါ်ပြထားသည်။

အလှူငွေ လက်ခံရရှိသူ တီးတိန်မြို့ လူငယ်ခေါင်းဆောင် ပူးနှုန်းရှင်းတွောင်က ၎င်းအလှူငွေအား ဇိုမီး (ချင်း) စာပေ မူလတန်း ဖတ်စာအုပ်များ၊ ဗလာစာအုပ် ၁၂၅ ဒါဇင် နှင့် စာရေးကိရိယာများ  ဖြန့်ဝေရာတွင် သုံးဆောင်သွားမည်ဖြစ်ကြောင့် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခင်အစိုးရကောင်းများ၌  ချင်းစာပေအား မူလတန်းအထိ သင်ကြားမှုခဲ့ကြရပြီး စစ်အစိုးရလက်ထက် ပိတ်ပြင်ခြင်းခံရကာ ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြန်လည်သင်ကြားခွင့်ပြုခဲ့သော်လည်း ယနေ့အချိန်ထိ ပညာရေးဝန်ကြီးဌါနမှ လက်တွေ့ အကောင်အထည်ဖေါ်နိုင်ခြင်း မရှိသေးကြောင့် သိရသည်။

၂၀၁၃ ခုနှစ်တွင် ကျရောက်မည့် ဇိုမီးစာပေပုံနှိပ်ထုတ်ဝေသည့် (Centenary of Zomi Literature and Textbook) နှစ်တရာ ပြည့်နှစ်ဖြစ်ပြီး ကလေးမြို့ တာဟာန်းရပ်ကွက်ရှိ တာဟာန်းနှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတွင် အခမ်းအနားကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင့် သိရသည်။

၂၀၁၁-၁၀၁၂ ခုနှစ်ပညာသင်နှစ်၌ ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်းအားဖြင့် ၁၄.၉၁% ရှိ၍ တပြည်လုံး ကျောင်းသူ /သားဦးရေပေါင်း ၈၂၉၂ ဦးရှိသည့်အနက် ၇၃၃၂ ဦးကသာ ဖြေဆိုခဲ့ပြီး ၁၀၉၃ ဦး အောင်မြင်ခဲ့ကြကြောင့် ချင်းပြည်နယ် ပညာရေးမှုးရုံးမှတဆင့် သိရသည်။

အဆိုပါစာရင်းထဲရှိ တီးတိန်မြို့နယ်၏ အောင်ချက်သည် ၂၂.၇၂ % ရှိပြီး ကျောင်းသူ /သားဦးရေပေါင်း ၁၁၃၂ ဦးရှိသည့်အနက် ၁၀၀၈ ဦးကသာ ဖြေဆိုခဲ့ပြီး ၂၂၉ ဦး အောင်မြင်ခဲ့ကြကြောင့် ကြားသိရသည်။

မြန်မာနိုင်ငံ၏ ၂၀၁၁-၁၀၁၂ ခုနှစ်ပညာသင်နှစ် တပြည်လုံး တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမှာ ၃၀% သာဖြစ်ကြောင့် သိရသည်။

၂၀၁၁-၁၀၁၂ ခုနှစ်ပညာသင်နှစ်တွင် ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်စာရင်း
ကျောင်းသူ/သားဦးရေ
၈၂၉၂ ဦး
ဖြေဆိုသူဦးရေ
၇၃၃၂ ဦး
အောင်မြင်သူဦးရေ
၁၀၉၃ ဦး
အောင်ချက်ရာခိုင်နှုန်း
၁၄.၉၁%
လေးဘာသာဂုဏ်ထူး
၁ ဦး
သုံးဘာသာဂုဏ်ထူး
၁ ဦး
နှစ်ဘာသာဂုဏ်ထူး
၉ ဦး
တစ်ဘာသာဂုဏ်ထူး
၁၁၇ ဦး

0 comments:

Post a Comment