မြန်မာကျောင်းသားများအတွက် တစ်နှစ်အခမဲ့ အဆောင်နေထိုင်ခွင့်ပေးမည့် UK တက္ကသိုလ်
31 May 2012| By Net Guideမြန်မာ ကျောင်းသား/ ကျောင်းသူများ အနေဖြင့် UK တွင် လာရောက်ပညာသင်ကြားမည် ဆိုပါက တစ်နှစ် အခမဲ့ နေထိုင်ခွင့်ပေးမည်ဟု ဝေးလ်၏ နာမည်ကြီး တက္ကသိုလ် တစ်ခုဖြစ်သော Glyndwr University မှ ကမ်းလှမ်းထားကြောင်း Crown Education ၏ ကြေညာချက်အရ သိရသည်။
မြန်မာနိုင်ငံမှ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီးသော လူငယ်များမှာ ပထမ အဆင့် အဖြစ် Wales International Study Center ၌ Foundation အဆင့်ကို စတင် သင်ကြားကာ ပထမ နှစ်အား UK ရှိ တက္ကသိုလ် ၁၁ ခု တွင် ရွေးချယ်တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
အဆိုပါ တက္ကသိုလ် ၁၁ ခု အနက် Glyndwr University တွင် တက်ရောက်မည် ဆိုပါက တစ်နှစ် အခမဲ့ အဆောင် နေထိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း Crown Education မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ သည်။
Crown Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်း က “နိုင်ငံတကာကျောင်းသားတွေ အတွက် ရွေးချယ် ပေးအပ်တဲ့ Glyndwr University ရဲ့ အစီအစဉ် တစ်ခု ပါ။ မြန်မာနိုင်ငံက ကျောင်းသား တွေအတွက် ကျောင်းဝင်ခွင့်ကိုက် ညီတဲ့ မည်သူမဆို တစ်နှစ်စာနေ ထိုင်ခွင့် အခမဲ့အတွက် ရာနှုန်းပြည့်အာမခံပြီး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းတက္ကသိုလ်တွင် အိုင် တီ၊ အင်ဂျင်နီယာနှင့် စီးပွားရေး ဆိုင်ရာ ဘာသာရပ်များ သင်ယူနိုင် ပြီး ပထမနှစ် အတွက် အဆောင် နေခွင့်မှာ အခမဲ့ ဖြစ်သောကြောင့် ကျောင်းလခပေါင် ၆,၉၀ဝ သာ ကုန်ကျမည်ဖြစ်သည်။ အသေးစိတ် အချက်အလက် များကို သိရှိလိုပါက Crown Education, Summit Parkview Hotel ဖုန်း-ဝ၉- ၇၃၂၇၃၂၇၇ နှင့် ဝ၉-၅၀၈၅၁၈၅ ထံသို့ ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ကြောင်း သိရှိရသည်။
---------------------------------------------
ထိုင်းတက္ကသိုလ် SIU မှ ပေးအပ်မည့် IT ဘာသာရပ် ပညာသင်ဆု လျှောက်နိုင်
31 May 2012 | By Net Guide

အဆိုပါ Scholarshipကို တက္က သိုလ်ဝင်တန်း အောင်မြင်ပြီးသူများ၊ တက္ကသိုလ် တက်ရောက် နေသူများ လျှောက်ထားနိုင်ပြီး Bachelor of Science in Computer Science (BSCS), Master of Science in Information (MSIT), PHD in Information Technology (PhD.IT) သင်တန်းများအတွက် အဆင့်ဆင့် ဆက်လက် လျှောက်ထားခွင့်လည်း ရှိထားသည်။
“မြန်မာနိုင်ငံက အ ရည်အချင်းမီတဲ့ ကျောင်းသားတွေ ကို SIU က Scholarship ပေးခဲ့တာ ၄-၅ နှစ်ရှိပါပြီ။ ဒီနှစ် Scholarship ကတော့ ထူးခြားပါတယ်။ အိုင်တီ ဘာသာရပ်ကို ရွေးချယ်တဲ့ကျောင်းသား ၅၀ အတွက် သီးသန့်ပေး တာပါ”ဟု OESC ပညာရေးစင် တာမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။
ယခုနှစ်အတွက် သင်တန်း များကိုဇွန်လတွင် စတင်ဖွင့်လှစ် မည်ဖြစ်ပြီး လျှောက်ထားလိုသူ များမှာ OESC ပြည်ပ ပညာရေး ဝန်ဆောင်မှုစင်တာ၊ ဖုန်း ဝ၉ ၇၃၀၉၄၀၆၀၊ ဝ၁ ၅၁၉၀၉၂ သို့ ဆက်သွယ်နိုင်ကြောင်း သိရ သည်။
---------------------------------------------
ရုရှားနိုင်ငံ အစိုးရပိုင် တက္ကသိုလ်ဝင်ခွင့် အတွက် လျှောက်လွှာများ လက်ခံ လျက်ရှိ
31 May 2012| By Net Guide

သွား ရောက် သင်ကြား လိုသူများသည် ဆေးပညာ၊ အင်ဂျင်နီယာ၊ လေ ယာဉ်မောင်းနှင်ရေး၊ သင်္ဘောမောင်း နှင်ရေး၊IT၊ ဂီတ၊ စီမံခန့်ခွဲရေးတို့ အပြင် အထူးပြု ဘာသာရပ် ပေါင်း ၅၀ဝ ကျော်အတွင်းမှ မိမိနှစ်သက် ရာဘာသာရပ်ကို Bachelor, Master Ph.D အဆင့်အထိ ရွေးချယ်တက် ရောက်နိုင်မည်ဖြစ်ပါသည်။
ထို့အ ပြင် ရုရှားနိုင်ငံအစိုးရမှ ကျောင်း စရိတ် ၈၀ ရာခိုင်နှုန်းခန့် ကျခံပေး သဖြင့် ကျောင်းသားတစ်ဦးလျှင် ကျောင်းစရိတ်ပျမ်းမျှ တစ်နှစ်လျှင် USD ၂,၅၀ဝ မှ ၅,ဝ၀ဝ ကျော်အထိ သာ ကျသင့်တော့မည်ဖြစ်ကြောင်း သိရသည်။ လျှောက်ထားလိုသူများ အနေဖြင့် RACUS ၏ကိုယ်စားလှယ် ရုံးဖြစ်သော ပညာရွှေအိုး၊ ဖုန်း- ဝ၉-၇၃၁၀ဝ၁၄၄ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။
0 comments:
Post a Comment