08 Jun 2012 | By ရှိန်ဝင်းထိုက်
ထိုကဲ့သို့ တူးဖော် နိုင်ရန်အ တွက် နိုင်ငံတော်သမ္မတ၏ ခွင့်ပြု ချက် ရရှိထားပြီးဖြစ်သောကြောင့် အ စိုးရ ရွှေတောင်ပေါ်ကုမ္ပဏီနှင့် အင်္ဂ လန်သံရုံးမှ ထောက်ခံချက် ရရှိထား သော အင်္ဂလိပ်လူမျိုးတစ်ဦးတို့ဖြင့် ပူး ပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။ “ဒီလအတွင်း စတူးကြမှာပါ။ အဲ့ဒီအတွက်လည်း အဖွဲ့တွေ အားလုံး ရောက်ရှိ နေပါပြီ။ လေယာဉ်တွေရှိမယ့် တည်နေရာကိုတော့ ပြည်ပနိုင်ငံရဲ့ အဆင့်မြင့်နည်းပညာဖြစ်တဲ့ ဂြိုလ်တု စနစ်အသုံးပြုပြီး ရှာဖွေမှာပါ။ လတ် တစ်လော ရှာဖွေထားတာတော့ မြန် မာနိုင်ငံအတွင်းမှာ နစ်မြုပ်နေတဲ့ လေယာဉ်တွေ အများကြီး ရှိပါတယ်” ဟု Global 9 မှ ဦးစိုးသိန်းက ပြောသည်။
စတင်တူးဖော်ပါကလည်း ရန် ကုန်တိုင်းဒေသကြီးနှင့် အခြားနေရာ များရှိ လေယာဉ်အစီး ၆၀ ကို စတင်တူးဖော်မည်ဖြစ်ပြီး ယင်း အစီး ၆၀ ကို လေးလအတွင်းအပြီး တူးဖော်မည်ဟု ၄င်းကဆိုသည်။ မြေအောက်အတွင်း နှစ်မြုပ်နေခဲ့သော လေယာဉ်များကို ပြန်လည်တူးဖော်ပြီးပါကလည်း အသစ် ပြန်လည်ပြုလုပ်နိုင်ရန်အတွက် အစိုးရပိုင်းမှ ဆက်လက်ဆောင်ရွက်မည် ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ လေယာဉ် များကို တူးဖော်ပြီးပါကလည်း ယခင် မြေအောက်၌ အချိန်ကြာမြင့်စွာ နှစ်မြုပ်နေခဲ့သော ဓမ္မစေတီခေါင်းလောင်း ကြီးကို ပြန်လည်တူးဖော်သွားမည်ဟု သိရသည်။
“ဒီခေါင်းလောင်းကြီးကို တူးဖော်ပြီးရန် ရှေးဟောင်းသမိုင်းဝင် အမွေအနစ်အဖြစ် ရွှေတိဂုံဘုရားပေါ်မှာ ထားရှိပေးသွားမှာပါ ”ဟု ဦးစိုးသိန်း က ပြောသည်။ ထို့ကြောင့် မြန်မာ လူမျိုးတို့၏ ရှေးဟောင်းအမွေအနှစ် လက်ရာကို မြင့်မားသည့်နည်း ပညာများဖြင့် ပြန်လည်ရယူဖော်ထုတ် နိုင်မည်ဖြစ်ရာ သက်ဆိုင်ရာပုဂ္ဂိုလ်များ က စိတ်ဝင်စားလျက်ရှိကြပြီး မကြာမီ အကောင်အထည်ဖော်တော့မည် လည်းဖြစ်သည်။
0 comments:
Post a Comment