ဟွဏ်းဘီးလ်။ ။ ဂရိနိုင်ငံ၊ မြို့တော်အေသင် အနီးအနား အပါအ၀င် နေရာဒေသ တော်တော်များများမှာ ပြီးခဲ့တဲ့စနေနေ့က တောမီး လောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့ပြီး
မီးငြှိမ်းသတ်ဖို့ ကြိုးစားတဲ့ မီးသတ်သမား ၃ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တောမီးလောင်ကျွမ်းမှု တွေအနက် လေးခုဟာ မြို့တော်ရဲ့ လူနေထိုင်ရာ ဒေသတွေကို ကူးစက် လောင်ကျွမ်းလာနိုင်ချေ ရှိတဲ့အတွက် အခြေ အနေ ပိုမိုဆိုးဝါးလာပါက နိုင်ငံရပ်ခြားကနေ အကူအညီတောင်းခံ ငြှိမ်းသတ်သွားမှာ ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် Panagiotis Pikrammenos က ပြောကြားခဲ့ပါတယ်။
အခုချိန်ထိတော့ အဆိုပါတောမီးလောင် ကျွမ်းမှုတွေကြောင့် စက်ရုံတစ်ခုနဲ့ စာသင်ကျောင်း တစ်ခုထိခိုက် ပျက်ဆီးခဲ့ရပြီး ဖြစ်ပါတယ်။ အဲဒီ တောမီး လောင်ကျွမ်းမှုတွေကို ငြှိမ်းသတ်ဖို့အတွက် မီးသတ်သမား ၁၇၀ဦး၊ မီးသတ်လေယာဉ် ၄စီး၊ ရဟတ်ယာဉ် ၁စီးတို့ကို တပ်ဖြန့်စေလွှတ်ထားပြီးဖြစ်ပါတယ်။
ဒီတောမီး လောင်ကျွမ်းမှုဟာ ဂရိနိုင်ငံရဲ့ တောမီးလောင်ကျွမ်းတတ်တဲ့ ရာသီရဲ့ ပထမဆုံး တောမီးဖြစ်ပြီး နိုင်ငံအတွင်း အရေးပါတဲ့ ပါလီမန် ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက် အလိုမှာ လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: MRTV-4
0 comments:
Post a Comment