Monday, June 25, 2012

ဖိလစ်ပိုင်အား ၅-၁ဂိုးဖြင့် မြန်မာအနိုင်ရ

ဟွဏ်းဘီးလ်။       ။  အာရှ အသက် ၂၂နှစ်အောက် ခြေစစ်ပွဲစဉ်တွင် ဖိလစ်ပိုင်အား ၅-၁ဂိုးဖြင့်  မြန်မာအသင်းက အနိုင်ရရှိ ခဲ့ကြောင့် သိရသည်။

၎င်းပွဲစဉ်တွင် မြန်မာအသင်း ရရှိခဲ့သော ချေပဂိုးမှာ ကျော်ကိုကို၏ သွင်းဂိုးဟု အများက မှတ်ယူခဲ့ကြ သော်လည်း အမှန်မှာမူ ကျော်ကိုကိုနှင့် ထိသွားခြင်း မရှိကြောင်း သိရသည်။

ကွင်းအတွင်း အသံချဲ့စက်ဖြင့် ကြေညာရာ၌ ကျော်ကိုကို သွင်းယူသည်ဟု ကြေညာခဲ့သည့် အပြင် ဂိုးရရှိခဲ့သည့် အနေအထားမှာလည်း ကျော်ကိုကိုနှင့် ထိခဲ့သည်ဟု ထင်မှတ်ဖွယ် ဖြစ်နေခဲ့သည်။ သို့သော် အေအက်ဖ်စီ တာဝန်ရှိသူများက ကျော်ဇေယျာဝင်း၏ ဂိုးဟုသာ သတ်မှတ်ခဲ့ပြီး ကာယကံရှင် ဖြစ်သူ ကျော်ကိုကိုကလည်း ၎င်းနှင့် ထိခဲ့ခြင်း မရှိကြောင်း ဖွင့်ဟ ၀န်ခံခဲ့သည်။ "ကျော်ဇေယျာဝင်းရဲ့ ဂိုးပါ။ ကျွန်တော်နဲ့ မထိခဲ့ပါဘူး" ဟု ကျော်ကိုကိုက ပြောကြားခဲ့သည်။

ထိုပွဲစဉ်တွင် ပရိသတ် တစ်ဦး ပစ်ပေါက်လိုက်သည့် ခဲတစ်လုံး ကွင်းအတွင်း ၀င်ရောက်ခဲ့ခြင်း အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူ များအား ပြိုင်ပွဲကျင်းပရေး တာဝန်ခံက ပြင်းပြင်းထန်ထန် သတိပေးခဲ့ကြောင်း သိရသည်။

ပွဲစဉ် မတိုင်မီတွင် ရိုးရိုးတန်း ဘက်ခြမ်းမှ ပရိသတ်များ အထူးတန်းဘက်သို့ ပိတ်ဆို့ထားသည့် သံဇကာ များအား ချိုးဖောက်ဝင်ရောက် လာခဲ့သည့်အပြင် အထူးတန်းပွဲကြည့်စင် ဘက်ခြမ်းတွင်လည်း အတားအဆီး အဟန့်အတားများအား လုံခြုံရေးများက တားဆီးနေသည့်ကြားမှ စည်းကမ်းမဲ့ ဖြတ်ကျော် ၀င်ရောက်မှုများ ရှိခဲ့ကြောင့်သိရသည်။

ပြီးခဲ့သည့် မြန်မာ - အိုမန် ကမ္ဘာ့ဖလား ပွဲစဉ်က ဖြစ်ရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အား ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ၂၀၁၈ ကမ္ဘာ့ဖလား ၀င်ခွင့် ပိတ်ပင်ကာ ဒဏ်ကြေး ဆွစ်ဖရန့် ၂၅၀၀၀၊ တရားစရိတ် ဆွစ်ဖရန့် ၂၀၀၀ တို့အား ပေးဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက်တွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က နာမည်ကြီး ရှေ့နေများ ငှားရမ်းကာ အယူခံလွှာ တင်သွင်းခဲ့၍ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၀င်ခွင့်အား ပြန်လည် ရရှိခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment