ဟွဏ်းဘီးလ်။ ။ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ အမည် စာရင်းတင် သွင်းထားသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအား အစားထိုးပြောင်းလဲလိုက်ကြောင်း သိရသည်။
ယင်းလဲလိုက်သော တပ်မတော်ကိုယ်စားလှယ်များမှာ ချင်းပြည်နယ် လွှတ်တော်တွင် ဗိုလ်မှူးသက်လွင်(ကြည်း ၂၈၂၆၇) အစား ဗိုလ်မှူး/ ဗိုလ်ကြီးတင်အောင် မိုး(ကြည်း ၃၄၇၂၄)၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် ဗိုလ်မှူး အောင်ဇေငြိမ်း(ကြည်း ၃၃၄၈၃) အစား ဗိုလ်မှူးကျော်မင်းထွဋ်(ကြည်း ၂၁၀၈၂)၊ မွန်ပြည်နယ်လွှတ်တော်တွင် ဗိုလ်မှူးဇော်ထက်(ကြည်း ၂၉၄၀၈ ) အစား ဗိုလ်မှူးဇော်လင်းအောင်(ကြည်း ၂၈၀၄၃)၊ ရခိုင်ပြည်နယ် လွှတ်တော်တွင် ဗိုလ်ကြီး သိန်းထွန်းဦး(ကြည်း၂၅၅၅၀)အစား ဗိုလ်မှူးအောင်ဇင်သန်း(ကြည်း၂၈၃၇၅)တို့ဖြစ်သည်။
အဆိုပါတပ်မတော်သား ကိုယ်စားလှယ်များပြောင်းလဲမှုအတွက် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၃ နှင့် အညီ အကြောင်းကြားချက်အရ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က စီစစ်ပြီး အစားထိုးပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း ဇွန်လ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။
Ref: Popular
0 comments:
Post a Comment