14 Jun 2012 | By လှယမင်းတင်

လာကြသလိုပဲ အသားအရေထိန်း အလှကုန် တွေကို သုံးစွဲမှုများ လာနေကြ တာကို တွေ့နေ ရပါပြီ။ အလှကုန်ပစ္စည်း ထုတ်လုပ်ကြတဲ့ ကုမ္ပဏီကြီးတွေလည်း အပြိုင်အဆိုင် ကြော်ငြာခတွေ ဖြုန်းပြီး ကြော်ငြာ အားကောင်းကောင်းနဲ့ သုံးစွဲသူတွေ ကို ဆွဲဆောင်နေတာကို မြင်တွေ့နေ ကြရပါတယ်။
ဒီနေရာမှာ သင့်ရဲ့ အရေပြားက ရော အဲဒီအလှကုန်တွေနဲ့ သင့်တော် ရဲ့လားဆိုတာ မေးစရာရှိလာပါတယ်။ သူတို့ရဲ့အလှကုန်ပစ္စည်းဟာ ဘယ် လောက်ထိ ကောင်းပါ တယ်၊ ဘယ် လောက်ထိ လှပစေတယ် လို့ပဲ အားကောင်းမောင်းသန် ကြော်ငြာ ရှင်းပြသော်ငြားလည်း တကယ်သုံး ကြည့်တဲ့အခါ မိမိအရေပြားက လက်မခံ ဘဲ ဖြစ်နေတတ်ပါတယ်။
ဒါဟာဘာကြောင့်လဲဆိုရင် အဲဒီ အလှကုန်ကို ထုတ်လုပ်ရာမှာ အသုံး ပြုထားတဲ့ ဓာတုပစ္စည်းတွေ ကြောင့်ပါပဲ။ တချို့ဓာတုပစ္စည်းတွေ ဟာ မိမိအရေပြားနဲ့ ဓာတ်မတည့် တော့ လိမ်းပြီးတာနဲ့ ချွေးတွေ တအားထွက်လာတာတို့၊ ယားယံ လာတာတို့၊ အရေပြားနီရဲလာတာတို့ စပ်ဖျဉ်းဖျဉ်းဖြစ်လာတာတို့ ရှိတတ် ပါတယ်။ အဲဒီလိုအရေပြား ဓာတ် မတည့်မှုဖြစ်လာတယ်ဆိုရင် သဘာဝ သစ်ဥသစ်ဖုများမှ ဖော်စပ် ထုတ်လုပ် ထားတဲ့ အသားအရေ ထိန်းပစ္စည်း တွေကို တစ်လှည့်ပြောင်း သုံးကြည့်ရ ပါမယ်။
ရှေးယခင်တုန်းကတော့ ဓာတု ပစ္စည်းတွေနဲ့ဆားများ ထည့်သွင်း ထုတ်လုပ်ထားတဲ့ အလှကုန်တွေကို သာသုံးစွဲခဲ့ကြရတာ အားလုံးအသိပါပဲ။ သဘာဝ ဒြပ်ပေါင်း များမှ ထုတ် လုပ်ထားတဲ့ အလှကုန်ပစ္စည်းဆိုတာ မရှိသလောက်ရှားပါးခဲ့ပါတယ်။ ထိ ခိုက်ခံစားလွယ်တဲ့အရေပြားရှိတယ် ဆိုတာသိလာတယ်၊ ဓာတ်မတည့် မှုတွေ အဖြစ်များလာတယ်၊ အဲဒီ အချိန်ကျမှ ဟိုးယခင်ဓာတု ပစ္စည်းတွေ မပေါ်ပေါက်ခင်တုန်းက လူတွေ ဘာ တွေသုံးစွဲခဲ့ကြသလဲဆိုတာ ပြန်လည် ဖော်ထုတ်ဆန်းစစ်လိုက်တဲ့အခါ ယခင် က သဘာဝစစ်စစ် ပန်းပေါင်းဆီ အနှစ်တွေ၊ သစ်ပင်၊ သစ်ခေါက်၊ ပန်းပွင့်၊ အရွက်၊ အခက်တွေဆီက ရတဲ့ အမွှေးဆီတွေစတဲ့ သဘာဝ စွမ်းအင်တွေကို ပြန်လည် တွေ့ရှိဖော် ထုတ်လာနိုင်ပါတယ်။
သဘာဝအလှကုန်ပစ္စည်းတွေ ဟာ ထိခိုက်ခံစားလွယ်တဲ့ အသား အရေပိုင်ရှင်တွေသာမက၊ ပုံမှန်အသား အရေပိုင်ရှင်များကိုပါ နုပျိုကျန်းမာ စေတာ တွေ့ရပါတယ်။ ဒါကြောင့် လူကြိုက်ပိုများလာရခြင်း ဖြစ်တယ်။
နည်း ပညာတေကွ လည်း အဆင့် မြင့် တိုးတက်ဆန်းသစ်လာတာ နဲ့အညီ သဘာဝအလှကုန်ပစ္စည်းတွေထုတ်လုပ်ရာမှာ အများကြီး အထောက်အကူပြုလာတာမို့ ဝမ်း သာစရာပါပဲ။
ဒါ့အပြင် အလှကုန်ပစ္စည်းမှာ အရောင်အသွေးအဖြစ်ထည့်ရတဲ့ ဓာတုပစ္စည်းတွေ၊ အမွှေးရနံ့ထပ် ဖြည့်ပစ္စည်းတွေ ထည့်သွင်းထုတ် လုပ်စရာမလိုတော့ခြင်းပါပဲ။
သဘာဝ မှရရှိတဲ့ ပန်းရနံ့များ၊ အဆီအနှစ်များ ဖြင့်သာ ဖော်စပ်ထုတ်လုပ်ထားတဲ့အတွက် အကျိုးကျေးဇူးများစွာ ရရှိတာတွေ့ရပါတယ်။ ယခုဆိုလျှင် သဘာဝမှရရှိသောဒြပ်ပေါင်းများကို မျက်စိဖြင့် မမြင်ရတဲ့ နာနိုအမှုန့်တွေ အဖြစ် ထုတ်လုပ်လာနိုင်တဲ့အတွက် နာနိုမှုန့်များဟာ အရေပြားရဲ့ အတွင်း အလွှာများထိ နက်ရှိုင်းစွာဝင်ရောက် ကာ အာနိသင်တွေကို ပေးစွမ်းနိုင်ပါ တယ်။ လုံခြုံစိတ်ချရမှုလည်း ရှိပြီး အရေပြားရဲ့ ကျန်းမာရေးကို အထောက်အပံ့များစွာရစေပါတယ်။
အရေပြားကလာပ်စည်းလေးတွေ ပြန်လည်ကောင်းမွန်လာအောင် ပြု လုပ်ပေးနိုင်စွမ်းရှိလို့ အလွန်အစွမ်း ထက်တယ်လို့ ဆိုရမှာပါ။ ထုတ်လုပ်ထားတဲ့ သစ်ဥသစ်ဖု သို့မဟုတ် အပင်ရဲ့သဘာဝအစွမ်း သတ္တိကို ရရှိနိုင်မှုများလေလေ၊ သင့် အသားအရေကို တောက်ပစိုလက် စေခြင်း၊ တင်းရင်းနုပျိုလာစေခြင်း၊ ကျန်းမာသန်စွမ်းလာစေခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင် လေလေ ဖြစ်ပါတယ်။
ဓာတုဒြပ် ပေါင်းများမှ ထုတ်လုပ်ထားတဲ့ အလှ ကုန်များကို အသုံးပြုသူများနှင့် နှိုင်း ယှဉ်ကြည့်တဲ့အခါမှာလည်း သိသာ စွာ ကွဲပြားခြားနားပြီး ပိုမိုစိုလက် ဝင်းပနေတာကို တွေ့ရမှာဖြစ်ပါတယ်။ တွေ့တဲ့သူများက ငေးမောကြည့်ရလောက်တဲ့ ထူးခြားစွာ စိုပြည်နေတဲ့ အသားအရေပိုင်ရှင်ဖြစ်လာမှာပါ။
နူး ညံ့စိုပြည်တဲ့အသားအရေကို ပိုင်ဆိုင်နိုင် စေဖို့ သဘာဝကပေးတဲ့ လက်ဆောင် မွန်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသားအရေ လှပစိုပြည်ဖို့ဆိုတာ သဘာဝအလှကုန် ပစ္စည်းတွေကြောင့်ချည်းပဲ မဟုတ် ပြန်ပါဘူး။ ဆံပင်ရဲ့ကောင်းခြင်း၊ မျက်ဝန်းလေးများ တောက်ပခြင်း၊အသားအရေစိုလက် နူးညံ့ချောမွေ့ ခြင်း၊ သွားကလေးများ အစီအရီ လှပတင့်တယ်ကျန်းမာစေခြင်း၊ ကိုယ် ခန္ဓာတင့်တယ်သွယ်လျစေခြင်းစတဲ့ ငါးသွယ်သော အကျိုးထူးကို သင်စားသောက်လိုက်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များမှ ရရှိနိုင်မှာဖြစ်ပါတယ်။
ဥပမာ ဆံ ကေသာ တောက်ပအောင် သံဓာတ်၊ ကန့်ဓာတ်၊ ဇင့်ဓာတ်၊ ဘိုင်အိုတင်ခေါ် ဗီတာမင်နဲ့သတ္တုဓာတ်တွေြွကယ်ဝတဲ့ အစားအစာတွေကို စားပေးသင့်ပါ တယ်။ အသား၊ ငါး၊ဟင်းသီးဟင်းရွက်၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး သစ်သီးအမျိုးမျိုး တို့ကိုလည်း စားသင့်ပါတယ်။ လုံလောက်တဲ့ ဗီတာမင်အေ၊ ဘီ၊ ဒီ၊ အီး၊ ဖောလစ်စတဲ့ ဓာတ်တွေ စုံလင်ဖို့လည်း လိုပါတယ်။
ကျန်းမာသန်စွမ်းတဲ့ ဆယ်ကျော် သက်တွေအဖို့ အရပ်ရှည်ပြီး မော်ဒယ်လ်လှလှလေးတွေလို အသား အရေလည်းလှပ၊ ကြည့်လို့လည်း ကောင်းအောင် နို့နှင့် နို့ထွက်ပစ္စည်း အမျိုးမျိုးကိုပုံမှန်စားသုံးပေးသင့်တယ်။ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေဟာ အသက်ကြီး ရင့်လာသည်အထိ လိုအပ်နေသော သတ္တုဓာတ်ဖြစ်ပါတယ်။ အရိုးကျန်း မာရေးနှင့် သွားကျန်းမာရေးအတွက် လိုအပ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့် ခန်းတွေကလည်း သင့်ကျန်းမာရေးကို သဘာဝကျကျ ထောက်ကူပေးတဲ့ အတွက် နေ့စဉ်မလုပ်မဖြစ် လုပ်ရမယ့် အလုပ်တစ်ခု အဖြစ် နာရီဝက်တစ်နာရီ ခန့် လုပ်သင့်ကြောင်း ဖော်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။ ဆယ်ကျော်သက်များနှင့် လူကြီး လူငယ်မရွေး သဘာဝအလှကို ပိုင် ဆိုင် နိုင်ကြပါစေ။
0 comments:
Post a Comment