Friday, June 15, 2012

၁၀တန်း အောင်ချက်အများဆုံးဖြင့် မွန်ပြည်နယ် ၅နှစ် ဆက်တိုက် ဗိုလ်စွဲ

14 Jun 2012  | By ထူးထူး (မော်လမြိုင်)

ဟွဏ်းဘီးလ်။    ။ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း များ ထုတ်ပြန်ခဲ့ရာ မွန်ပြည်နယ်တွင်
အောင်ချက် ရာခိုင်နှုန်း အမြင့်ဆုံးဖြင့် ၅ နှစ်ဆက်တိုက် ပထမ ရရှိခဲ့ကြောင်း မွန်ပြည်နယ် ပညာရေးမှူး ဦးမင်းထွန်းတင် က ပြောသည်။

မွန်ပြည်နယ် ၁ဝ မြို့နယ်မှ ဖြေဆိုသူ ၁၃၇၉၆ ဦး အနက် ၇၂ဝ၂ ဦး အောင်မြင်သဖြင့် အောင်ချက် ရာခိုင်နှုန်း ၅၂ ဒသမ ၂ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ၄င်းက ဆိုသည်။ အောင်မြင်သူများ အနက် ခြောက်ဘာသာ ဂုဏ်ထူး ရရှိသူ ၁၃ ဦး၊ ငါးဘာသာ ဂုဏ်ထူးရရှိသူ ၂၆ ဦး၊ လေးဘာသာ ဂုဏ်ထူးရရှိ သူ ၁၇၉ ဦး၊ သုံးဘာသာ ဂုဏ်ထူး ရရှိသူ ၂၆၈ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရရှိသူ ၁၃၈၁ ဦးဖြစ်ကြောင်းနှင့် ခြောက်ဘာသာ ဂုဏ်ထူး ရရှိသူများ မှာ မော်လမြိုင်မြို့မှ ၁ဝ ဦး၊ မုဒုံမြို့မှ ၁ ဦး၊ သံဖြူဇရပ်မြို့မှ ၁ ဦးနှင့် ချောင်းဆုံမြို့မှ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment