27 Jun 2012 | By မင်းသုအောင်
''အသေးစိတ်ကို ဝန်ကြီးက လွှတ်တော်မှာ ပြောပါလိမ့်မယ်။ အဓိက ကတော့ ဆရာ ကျောင်းသားအချိုး ညီမျှအောင်နဲ့ တခြား အကြောင်းတွေကိုပေါ့ဗျာ'' ဟု အကြီးတန်းအရာရှိက ပြောသည်။ နှစ်စဉ်ကျောင်းသားသစ် ၂၄ဝဝ ခေါ်ယူခဲ့သည့် ဆေးတက္ကသိုလ်များမှ ယခုနှစ်တွင် ၁၂ဝဝ သာ ခေါ်ယူမည့်အစီအစဉ်ထဲတွင် နယ်စပ်ဒေသမှ ကျောင်းသားများပါ ပါဝင်သည်ဟု ကျန်းမာရေးဝန်ကြီး ဌာနမှ သိရသည်။ ရန်ကုန်မြို့ပေါ်ရှိ ဆေးကျောင်း သားမိဘတစ်ဦးက ''ဒီသတင်း ကြားတော့ အခုနှစ် အောင်တဲ့ ကလေးတွေ တော်တော်လေး အခက်ကြုံနေကြတယ်လို့ ကြားနေ ရတယ်။ ရန်ကုန်မှာတင် ခြောက်ဘာသာနဲ့ ငါးဘာသာ ဂုဏ်ထူးရတဲ့ သူက ၉ဝဝ ကျော်နေတယ်။ တစ်နိုင်ငံလုံးပေါင်းပြီး တွက်ကြည့်ရင် အခုခေါ် မယ့် ပမာဏထက် တော်တော်လေး များနေတော့ ဆေးကျောင်းမဝင်နိုင်ကြ မှာကို အများစု စိုးရိမ်နေကြတယ်'' ဟု ပြောသည်။
ကျောင်းသားနှင့် ကျောင်းသူ ဝင်ခွင့်အမှတ် ၃ဝ ကွာခြားမှု ကိစ္စတွင်ပင် အဆင်မပြေ ဖြစ်နေကြရာ ယခုကဲ့သို့ စနစ်သစ်ဖြင့် ဆိုပါက တက္ကသိုလ် ဝင်တန်း ဂုဏ်ထူးရ ကျောင်းသားများအဖို့ ဆေးကျောင်း တက်နိုင်မှုကိစ္စမှာ အခက်အခဲအရှိ ဆုံးကိစ္စတစ်ခုဖြစ်လာမည်ဟု ကျောင်းသားမိဘ အချို့နှင့် ဆေးကျောင်းတက်ခွင့် မရခဲ့ကြသူအချို့က သုံးသပ်ကြသည်။ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှ ဆေးရုံအုပ်ကြီး ဒေါက် တာကျော်ကျော်က ''ဆရာ တစ်ယောက်က ကျောင်းသားလေး ငါးဆယ်ကို ထိန်းနေရတော့ ကြည့်တဲ့သူက ကြည့်တယ်။ လစ်တဲ့သူက လစ်တယ်။ ဒီလို ဖြစ်နေရတော့ အတတ်ပညာ၊ စိတ်ဓာတ်၊ ခံယူချက်တွေက အရင်ကနဲ့ မတူဘဲ ပြောင်းလာရော။ နောက်ပြီး ဆေးကျောင်းတွေလည်း ထပ် မချဲ့ နိုင်တော့၊ ရှိနေတာနဲ့ လုံလောက်အောင် လျှော့လိုက်တာပဲဖြစ်မှာပါ။ ဒီအလုပ်က လူ့အသက်နဲ့ရင်းပြီး လုပ်ရတဲ့အတွက် အရည်အသွေး ပိုင်းမှာလည်း စကားပြောတယ်လေ။ ဒါလည်း ပါမှာပေါ့'' ဟုပြောသည်။
ပြင်ပ၌ ဆေးကျောင်းပြီး၍ အလုပ်ဝင်ခွင့်မရ ဖြစ်နေကြသူ အမြောက်အမြား ကျန်ရှိနေသည့်အပေါ် ဝန်ကြီးဌာနအား ဝေဖန်မှု များရှိနေရာ ယင်းကိစ္စနှင့် ပတ်သက်၍ အထက်ပါပုဂ္ဂိုလ်က ''ဒါက နားလည်မှု လွဲနေတာလို့ ထင် တယ်။ အလုပ်ခန့်တာက ကျန်းမာရေးဝန်ကြီးဌာန မဟုတ်ဘူး။ စိစစ်တိုးနဲ့ ရာထူးဝန်အဖွဲ့ပဲ။ ကျန်းမာရေးဝန်ကြီးဌာနက လိုတဲ့ဦးရေကိုပဲ တင်ပေးတာ။ ကျွန်တော် သိရသ လောက် ကျန်းမာရေးဝန်ကြီးဌာနက သူရတဲ့ ဘတ်ဂျက် ရဲ့ ၇ဝ ရာခိုင် နှုန်းကို ဝန်ထမ်းလစာအဖြစ် သုံးနေ ရတယ်။ ကျန်တဲ့ ၃ဝ ရာခိုင်နှုန်းနဲ့ အဆောက်အအုံ၊ ဆေးဝါး ဘယ်လိုသုံးလဲ။ ဒါလည်းရှိသေး တယ်။ ဆေးကျောင်းတွေများ လာခဲ့မယ်ဆိုရင်တော့ ကျောင်းသားများ လာတာက ကောင်းပါတယ်။ ဒီလိုမဟုတ်ဘဲ ဆိုရင်တော့ အရည်အသွေးကို ကြည့်ပြီး စိစစ်ရတာတွေရှိလာမှာပေါ့'' ဟု ပြောသည်။
0 comments:
Post a Comment