ဟွဏ်းဘီးလ်။ ။ ဇွန်လ (၁၀) ရက်နေ့ ၂၀၁၂ နေ့ည နေတွင် အိန္ဒိယ-မြန်မာ နယ်စပ်၊ တီးတိန်မြို့နယ် ဖါတ်လန် (Fartlang) ကျေးရွာရှိ ရွားသားများအား စစ်သားများ၏ မတရား ရိုက်နှက်ခြင်းခံခဲ့ရသည်ဟု ချင်းဝေါလ်မီဒီယာတွင် ဖေါ်ပြထားသည်။
၎င်းကျေးရွာရှိ ခလရ (၁၆၈) မှ စစ်သားများသည် စီးပွားရေးသမားတချို့၏ ခိုင်းစေမှုဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇမ်ရှင်းထန်နှင့် ကျေးရွာလူငယ်ခေါင်းဆောင် ကိုကပ်ဇကျင့် တို့အား အပြင်းအထန် သွေးထွက်သံယိုသည့်အထိ ရိုက်နှိက်ခဲ့ကြကြောင့် သိရသည်။
စီးပွားရေးသမားတချို့သည် ၎င်းကျေးရွာပိုင် ထင်းသစ်တောကြိုးဝိုင်းမှ သစ်များအား အိန္ဒိယနိုင်ငံ၊ မီးဇိုရမ်ပြည်နယ်အတွင်း ခိုးယူရောင်းချမှုများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လူငယ်များမှ တားဆီးပိတ်ပင်ခဲ့ရာ စီးပွားရေးသမားများသည် စစ်သွားများကို လာဘ်ပေးရိုက်နှက်စေခြင်းဖြစ်သည်ဟု ဒေသခံရွာသားတဦး အဆိုရသိရသည်။
0 comments:
Post a Comment