ဟွဏ်းဘီးလ်။ ။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်း ယခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ယာခင်းမီးကြောင့် ၂၄ ဧက ဝန်းကျင်ခန့် မတ်ပဲ စိုက်ခင်း၊ လူနေအိမ် နှင့် အမျိုးသမီးတဦးမီးထဲ ပါသွားသည့် အမှုကို သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်တန်းသည့်အမှု ယနေ့ထိ အရေးယူဆောင်ရွက်မှု မရှိသေးကြောင်း သတင်းရရှိသည်။
မင်းတပ်မြို့ အနောက်ရပ်ကွက်နေ ဦးထန်းလောတို့ အဖွဲ့မှ ရှို့လိုက်သော ယာမီးကြောင့် ဦးတမ်ထန်း အပါအ၀င် မိသားစု ၇ စု ပိုင်ယာခင်းမီးလောင်မှု ၊ လူနေအိမ် နှင့် ဒေါ် လိန်အွယ် သေဆုံးမှု အား ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က မင်းတပ်မြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ တိုင်ထားခြင်းဖြစ်သည်။
“ယာမီးကြောင့် ဦး တာမ်ထန်း ဆုံးရှူံးတဲ့ ပစ္စည်းတန်ဖိုးမှာ ကျပ်ငွေ ၈ သိန်းခန့်ရှိမည်ဖြစ်မည်ဖြစ်ပြီး ဒေါ် လိန်းအွယ်လည်း မီးထဲ ပါသွားတယ် ” ဟု ဒေသခံတဦးက ပြောသည်။
![]() |
ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ ဆိုင်းဇဲန်ရွာ၌ မတ်လ ၂၅ ရက်နေ့တွင် မီးလောင်းမှုတခုဖြစ်ပွားစဉ်။ ။ ဓါတ်ပုံ- ZYA |
“ ဘာသာရေးအသင်းအဖွဲ့တွေကတော့ တရားခံ နဲ့ တရားလိုတွေကို ဒေသထုံးစံအရ ပြေရာပြေ ကြောင်း ညှိနှိုင်း တောင်းပန် ပေးကြတယ် ၊ ဒါပေမဲ့ အမှုကိုတော့ မရုတ်သိမ်းကြဘူး” ဟု ပြောသည်။
မင်းတပ်မြို့နယ် ဒေသခံများသည် မတ်ပဲ၊ ၀ါးဥ စိုက်ခင်းများဖြင့် အဓိက အသက်မွေးဝမ်းကျောင်း ပြုကြသည်။
Ref: KNG
0 comments:
Post a Comment