ဟွဏ်းဘီးလ်။ ။ ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်တို့ဆုံဆည်းရာ ကလေးဝမြို့နယ် ကြန့်ခင်းရွာ(Chiang Kyain) အနီးတဝိုက်၌ ရေနံတွင်း(ရေနံမော်)တွေ့ရှိခဲ့သည်ဟု ဇိုမီးဒေလီသတင်းအရ သိရသည်။
၎င်းရေနံတွင်းသည် ပြီးခဲ့သည့်မတ်လအတွင်း ကလေးမြို့နှင့် ကလေးဝမြို့တို့ ဆက်သွယ်ထားရာ လမ်းဘေးရှိ ပိတောက်သစ်ပင်ကြီးအနီးတဝိုက်တွင် ရှာဖွေတွေ့ရှိခဲ့ရာ ယခုတွင် လူအများမပြားက သွားရောက်တူးဖေါ်နေကြကြောင့် သေဒခံများက ဆိုသည်။
"မော်တွင်းကတော့ မတ်လလောက်က စတွေ့ခဲ့တယ်။ ရေနံက တိမ်တဲ့နေရာမှာပဲ ရှိကြတယ်။ နက်နက်ကြီး တူးနေစရာမလိုဘူး။ ဒါပင်မဲ့ အနက်ကြီးမတူးရင်တော့ ရေနံခမ်းလွယ်တယ်။ အဲ့ဒါကြောင့် အကြာကြီး တူးဖေါ်နိုင်ဖို့အတွက် တွင်းနက်နက်တူးနေကြရတယ်။ အခုတူးနေကြတဲ့နေရာမှာတော့ တစ်တွင်းမှာ ရေနံ ပေပါ ၆ ခုလောက် ရနိုင်တယ်။" ဟု ဒေသခံတဦးက ပြောသည်။
ကလေးမြို့နယ်ဒေသပတ်ဝန်းကျင်ရှိ ရေနံပေါက်ဈေးနူန်းသည် တစ်ပေပါလျှင် ၁၁၀,၀၀၀ ကျပ် ရရှိနိုင်ကြောင့် သိရသည်။
![]() |
ကလေးမြို့နှင့် ကလေးဝမြို့ရှိ ဒေသခံပြည်သူများမှ ၎င်းဒေသတွင် ရေနံတူးဖေါ်လုပ်ကိုင်နေကြစဉ်။ ။ ဓါတ်ပုံ- ဇိုမီး |
ကလေးမြို့နှင့် ကလေးဝမြို့ရှိ ဒေသခံပြည်သူများမှ ၎င်းဒေသတွင် ရေနံတွင်းပေါင်း ၁၀၀ ဝန်းကျင်ခန့် တူးဖော်လုပ်ဆောင်နေကြကြောင့် သိရသည်။
ကလေးမြို့နှင့် ကလေးဝမြို့တို့အကြားတွင် ရေနံတွင်းများမကြာခဏတွေ့ရှိခဲ့ရာ ၂၀၀၁ ခုနှစ်ဝန်းကျင်တွင်လည်း ကျောက်ခုတ်ရွာအနီး၌ ယခုလိုရေနံတွင်းများ တွေ့ရှိခဲ့ဘူးကြောင့် သိရသည်။
0 comments:
Post a Comment