ဟွဏ်းဘီးလ်။ ။ မေလ ၇ ရက်နေ့ တနင်္လာနေ့တွင် ချင်းအမျိုးသားတပ်ဦး CNF မှ တွဲဘက် အထွေထွေ အတွင်းရေးမှူးချုပ် ဦးရွှေခါး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့တို့သည် ဟားခါးမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံပြီးနောက် အပစ်အခတ် ရပ်စဲရေး အပါအဝင် အချက် ၁၆ ချက်ကို သဘောတူ လက်မှတ် ရေးထိုးခဲ့ကြကြောင့် သိရသည်။
၎င်းသဘောတူညီချက် ၁၆ ချက်အနက် ၁၂ ချက်မြောက် သောအချက်တွင် ပြည်ပရောက် ချင်းအမျိုးသားများအနေဖြင့် CNF ကတ်ကိုင်ဆောင်ထားပါက ပြည်တွင်းဝင်ရာ လွယ်ကူလိမ်မည်ဖြစ်ကြောင့် ဇွန်လ ၂ ရက်နေ့ အမေရိကနိုင်ငံ Indianapolis မြို့တွင် ကျင်းပခဲ့သော CNF သတင်းစာရှင်းလင်းပွဲ၌ ယခုလို Dr. Andrew Ngun Cung Lian က ပြောကြားခဲ့သည်။
![]() |
ဇွန်လ ၂ ရက်နေ့တွင် ကျင်းပခဲ့သော CNF သတင်းစာရှင်းလင်းပွဲ၌ ယခုလို Dr. Andrew Ngun Cung Lian က ရှင်းလင်းပြောကြားနေစဉ်။ |
ပြီး နိုင်ငံသားစိစစ်ရေးကပ်ပြား လျှောက်လိုရင် ယာယီနိုင်ငံသားကတ်ပြားကို ချက်ချင်းထုတ်ပေးဖို့ ကျနော်တို့တောင်းထားတယ်။" ဟု သူကရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက "ဘာလို့လဲဆိုတော့ အားလုံးသိတဲ့အတိုင်း ခဗျားတို့ အမေရိကန် နိုင်ငံကူးလက်မှတ် ကိုင်လို့ရှင်ရင် ဟိုတယ်ခ နှစ်ဆပိုပေးရတယ်၊ အဲယားလိုင်းလည်း အဲလိုပေးရတယ်။ အဲ့ဒီတော့ ယာယီနိုင်ငံသားကတ်ပြားကိုင်လို့ရှင်ရင် ဈေးပေါ့ပေါ့နဲ့ ဝယ်လို့ရတယ်။ လွှတ်လွှတ်လပ်လပ်သွားလို့ လာလို့ရတယ်။ အတားအဆီး မရှိဘူး။ အဲ့ဒါတွေအတွက်လည်း ကျနော်တို့ဘက်က တောင်းဆိုထားတွေရှိတယ်။" ဟု ရှင်းလင်း ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲအား ဦးဆောင်ကြီးမှုးကျင်းပပြုလုပ်ခဲ့သော Chin Suprem Council ခေါင်းဆောင်တချို့တွင်ပင် ၎င်း CNF ကတ်ပြားကိုင်ဆောင်ထားခြင်း မရှိကြသေးကြောင့် သိရသည်။
နယ်မြေသတ်မှတ်ရေး၊ ဆက်ဆံရေးရုံးများ တည်ဆောက် အတည်ပြုခြင်း၊ နိုင်ငံခြားသား ခံယူထားသည့် ချင်းအမျိုးသားများ မြန်မာပြည်သို့ ပြန်လာရေး၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးလုပ်ကိုင်ခြင်း စသည့် အချက်များအပါအဝင် အချက် ၁၆ ချက်ကို ဟားခါးမြို့ ပြည်နယ်ရိပ်သာတွင် နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
CNF ၏ ဆက်ဆံရေးရုံး နှင့် CNF တပ်လှုပ်ရှားနယ်မြေများသတ်မှတ်ခဲ့သည့် ချင်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်း၊ မတူပီ၊ ထန်တလန်း၊ တီးတိန် မြို့နယ်တို့တွင် စတင်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း Dr. Andrew Ngun Cung Lian က ပြောကြားခဲ့သည်။
CNF ဒုတိယအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံခဲ့ပြီး နောက်ထပ်ပြည်ထောင်စုအဆင့်တွေ့ဆုံပွဲအား နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင့် သိရသည်။
သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် စက်တင်ဘာလက စတင်၍ တဖွဲ့ချင်း သီးခြားစီ လိုက်လံတွေ့ဆုံခဲ့ရာ CNF အဖွဲ့ အပြင် ဝ အဖွဲ့၊ KNU၊ SSA-N၊ SSA-S၊ MNSP၊ DKBA၊ KNPP တို့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထားခဲ့ပြီး ဖြစ်သည်။
ဇွန်လ ၂ ရက်နေ့ အမေရိကနိုင်ငံ Indianapolis မြို့တွင် ကျင်းပခဲ့သော CNF သတင်းစာရှင်းလင်းပွဲ
Watch live streaming video from cmspvideo at livestream.com
0 comments:
Post a Comment