Friday, June 29, 2012

GALAXY S III ဖုန်း စိတ်ဝင်စားသူများလာ

ဟွဏ်းဘီးလ်။    ။ ဂျပန်နိုင်ငံတွင် ကြာသပတေးနေ့က နောက်ပေါ်အဆင့်မြင့် လက်ကိုင်ဖုန်း GALAXY S III ကို Samsung Electronic ကုမ္မဏီမှ  စတင်ရောင်းချရာမှာ ခေတ်ပေါ်ပစ္စည်းများ စိတ်ဝင်စားကြသည့် ဂျပန်ပြည်သူများ သဘောကျနေကြကြောင့် သိရသည်။

Samsung Electronic ကုမ္မဏီမှ ထုတ်သည့် အဆင့်မြင့် Smart ဖုန်းများထဲမှ မေလ ၂၉ ရက်နေ့တွင် တကမ္ဘာလုံး၌ စတင်ဖြန့်ချီရောင်းချခဲ့သည့် GALAXY S III သည် သုံးလို့ကောင်းသည့်အကြောင်း လူပြောအများဆုံး ဖုန်းဖြစ်လာသည်။

တောင်ကိုရီးယား Samsung  ကုမ္မဏီနေဖြင့် နောက်ဆုံးပေါ်ဖုန်းများ အရောင်းသွတ်နေသည့်အတွက်ကြောင့် ဖြန့်ချီရောင်းချချိန်မှစ၍ နှစ်လအတွင်း ၁၀ သန်းလောက်အထိ ရောင်းရလိမ်မည်ဟု ခန့်မှန်းထားသည်။

အင်တာနက် ကုမ္မဏီတခုဖြစ်သည့် Google ရဲ့ Android operating system ကို အခြေခံထားသည့် ၎င်း GALAXY S III ဖုန်း၏ မျက်နှာပြင်သည် ၄.၈ လက်မအထိရှိပြီး  နာမည်ကျော် Apple ကုမ္မဏီမှ ထုတ်ဝေသည့် ၃.၅ လက်မအရွယ်အစားရှိ Iphone ထက်လည်း ပို၍ကြီးသည်။

၎င်းဖုန်း၏ မျက်နှာပြင်ဖန်သား ကြီးမားသည့်အတွက်ရော အသုံးပြုနိုင်သည့် နေရာတွင် ပိုများလာသည့်အတွက်ပါ သုံးသူများ သဘောကျနေကြခြင်း ဖြစ်သည်။

0 comments:

Post a Comment