Friday, June 29, 2012

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကို ၂၅ နှစ် စီမံ ကိန်းဖြင့် ပြုပြင်ထိန်းသိမ်းရန် အစီအစဉ်ရှိ

28 Jun 2012  | By အေဝိုင်အီး


ဟွဏ်းဘီးလ်။    ။ မြန်မာပြည်၏ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တို့ကို ပြုပြင်ထိန်းသိမ်းရေး အတွက် ၂၅ နှစ် စီမံကိန်း တစ်ခုဖြစ်သော Forever Chindwin Ayeyar (ထာဝရချင်းတွင်းနှင့် မြစ်ဧရာ) အမည်ရှိ စီမံကိန်းကို ပြည်တွင်း ကုမ္ပဏီကြီး တစ်ခုက ဖော်ဆောင်သွားရန် ရှိနေကြောင်း ၂၀.၆.၂၀၁၂ ရက်က သိရသည်။ ဇွန်လ တတိယပတ် အတွင်းက ပြုလုပ်ခဲ့သော ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့၏ မြစ်ကြောင်းများ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာနှင့် ရေလမ်းကြောင်း အသုံးချရေး ဖြစ်နိုင်ခြေ လေ့လာရေး နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲတွင် ယင်းကဲ့သို့ မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီကြီး တစ်ခုက စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မြစ်ကြောင်း ထိန်းသိမ်းရေး ၂၅ နှစ် စီမံကိန်းက ကောင်းပါတယ်။ အထူးသဖြင့် ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ် ကိစ္စမို့လို့ပေါ့။ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်မှာ ရွာပေါင်း ၃၂၀၀ ကျော်၊ မြို့နယ်ပေါင်း ၆၇ မြို့နယ်ရဲ့ ရေစီးရေလာ ကောင်းမွန်မှုအတွက်ဆိုရင် တော်တော်ကောင်းတဲ့ လုပ်ဆောင်ချက်လို့ ပြောရမယ်ဗျ” ဟု မြစ်ဆုံအရေးကို တက်ကြွစွာ ဦးဆောင်ခဲ့သူ Ecodev မှ ဦးဝင်းမျိုးသူက ပြောကြားသည်။ “Engineering Point of View ကနေ လုပ်တာ ပိုကောင်းစေမှာ ဖြစ်သလို ဒေသဆိုင်ရာ လူထုကလည်း တက်ကြွစွာ ပါဝင်လာဖို့လည်း လိုတယ်ဗျ။ ပြည့်ပြည့်စုံစုံ ပြောရရင် Ecological Engineering Point of View (ဂေဟစနစ် ထိန်းသိမ်းမှု ပါဝင်တဲ့ အင်ဂျင်နီယာ ရှုထောင့်) နဲ့ ပါဝင်တဲ့ အင်ဂျင်နီယာရှုထောင့်) နဲ့ ကြည့်ပြီးလုပ်မှာ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ချင်းတွင်းမြစ်ဘေးက လူနေမှု ဘ၀ တစ်ခုပါဘဲ။ မိုးတွင်းဆို ရေတွေ မြစ်အပြည့် တက်လာလို့ ရွာပေါ်ကို တက်ပြီး နေလေ့ရှိပေမယ့် ဆောင်းအစ ရေကျသွားတဲ့ အချိန်ကစလို့ သောင်ပြင်မှာ တဲထိုးနေကြတယ်။
သူတို့အလုပ်တွေကတော့ ငါးဖမ်း၊ ၀ါးဖောင်ဖွဲ့၊ ကူးတို့ ပို့ပေါ့။
အဆိုပါ စီမံကိန်းအရ နှစ်ပေါင်း ၂၅ နှစ် စီမံကိန်းအတွက် ဖြစ်နိုင်ခြေ လေ့လာမှု အစီအစဉ်ကို ယခုလပိုင်းအတွင်း စတင်သွားရန် ရှိနေသည်ဟု သိရကာ မြစ်ကြောင်းတစ်လျှောက် ထိန်းသိမ်းခြင်းများအပြင် မြစ်ဝကျွန်းပေါ် ဒေသအထိပါ ထိန်းသိမ်းသွားရန် ရှိနေသည်ဟု သိရသည်။ “တကယ်တော့ မြစ်ညှာဘက်ကို သူတို့ အာရုံသိပ်မရှိမှာ စိုးရတယ်။ တကယ့် ပြဿနာတွေက မြစ်ညှာတွေကနေ လာတာဗျ။ မြစ်ညှာကနေမှ တကယ်မြစ်ကြီးထဲကို ပြဿနာတွေက စုပုံသွားတာ။ ဆေးပညာ သဘောနဲ့ ပြောရရင် အရက်သောက်တဲ့ အသည်းခွဲစိတ်ရမယ့် လူနာတစ်ဦးလိုပေါ့။ အရက်မဖြတ်ဘဲ အသည်းကို ခွဲစိတ်ကုသမှုလုပ်ရင် ပြဿနာက ဆက်ပြီး ရှိနေမှာပဲလေ။ ဒါကို သတိပြုဖို့တော့လိုတယ်” ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။

0 comments:

Post a Comment