Saturday, June 16, 2012

မန္တလေးတွင် Passport ရုံး ဖွင့်လှစ်ရန် စီစဉ်နေ

15 Jun 2012  | By အောင်မျိုးထွန်းကျော်

မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံ တင်ရေး ဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးက မန္တလေးမြို့ မှာ မြန်မာနိုင်ငံ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး ဖွင့်လှစ်နိုင်ဖို့ ပြည်ထောင်စု အဆင့်နဲ့ တိုင်းဒေသကြီးအဆင့် ဝန်ကြီးဌာနတွေ ညှိနှိုင်းဆောင် ရွက်နေတယ်လို့ ဇွန်လ ၁၄ရက်နေ့ က ပြောပါတယ်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးဖွင့်လှစ်နိုင်ဖို့ လူဝန်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်တာကြောင့် ရုံးဆောက်လုပ်မယ့် တည်နေရာနဲ့ လုပ်ငန်းစတင်မယ့် အချိန်ကို မသိရသေးပါဘူး။

မန္တလေး မြို့မှာ မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ဖွင့်လှစ်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေက နိုင်ငံကူးလက်မှတ် ပြုလုပ်လိုသူတွေအနေနဲ့ အချိန်ကုန်၊ ငွေကုန်သက်သာစွာ ပြုလုပ်လာနိုင်မှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး လူဝန်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။

0 comments:

Post a Comment