နိုဗဲလ်ဆု၏ အင်တာနက် စာမျက်တွင် တင်ထားသော ဒေါ်စု ဓါတ်ပုံတွေ့ရစဉ်။ |
နိုဝေးနိုင်ငံ အိုစ်လိုမြို့တွင် ကျင်းပပြုလုပ်မည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုဗဲလ်ငြိမ်းချမ်းရေး ဆုပေးပွဲအခမ်းအနားကြီးကို တိုက်ရိုက်ကြည့်နိုင်မည်ဖြစ်ကြောင့် သိရသည်။
ဇွန်လ ၁၆ ရက် စနေနေ့ နေ့လည်တစ်နာရီတွင် ၎င်းနိုဗဲလ်ငြိမ်းချမ်းရေးဆုပေးပွဲ အခမ်းအနားစတင်ကျင်းပမည်ဖြစ်ပြီး ကြည့်ရှုလိုသူများအဖို့ ဤနေရာတွင်သော်လည်းကောင်း၊ ၎င်း၏ အင်တာနက်စာမျက်နှာတွင်သော်လည်းကောင်း တိုက်ရိုက်ကြည့်ရှု့နိုင်ရန် စီစဉ်ထားသည်။
မြန်မာနိုင်ငံစံတော်ချိန်ဖြင့် ဇွန်လ ၁၆ ရက် စနေနေ့ ညနေခင်း ၅ နာရီ ခွဲတွင် စတင်ကြည့်ရှု့နိုင်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ် ဒီဇင်လာလ ၁၀ ရက်နေ့က နိုဗဲလ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သော်လည်း လူကိုယ်တိုင် သွားရောက်မယူနိုင်ခဲ့ပေ။
0 comments:
Post a Comment