ဩစတြေးလျနိုင်ငံ၊ကင်ဘာရာမြို့တော် ဩစတြေးလျ အမျိုးသားတက္ကသိုလ်တွင် ကျင်းပပြုလုပ်သော Political Party Leadership Progarm (PPlP) ဆွေးနွေးပွဲသို့ တက်ရောက်ရန်သွားခဲ့သော ပါတီခေါင်းဆောင် ၅ ဦးသည် (၂၇-၅-၂၀၁၂) ညပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ထိုဆွေးနွေးပွဲသည် မေလ(၂၁)ရက်နှေ့မှ မေလ(၂၅)ရက်နေ့အထိ ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီခေါင်းဆောင်များဖြစ်ကြသည့် ဒေါက်တာသန်းငြိမ်း(ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအင် အားစုပါတီ)၊ ဒေါ်သန်းသန်းနု( အထွေထွေအတွင်းရေးမှူးချု့ပ်၊ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)၊ ဦးဦးလှစော( အထွေထွေအတွင်းရေးမှူး၊ ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ)၊
ဦးဇိုဇမ်( ဥက္ကဌ၊ ချင်းအမျိုးသားပါတီ) ၊ ဦးထွန်းသိန်း( ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့ စုစုပေါင်း ပါတီခေါင်းဆောင် ၅ ဦး တက်ရောက်ကြပါသည်။
ထို PPLP ဆွေးနွေးပွဲသို့ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံတို့မှ တစ်နိုင်ငံလျှင်
နိုင်ငံရေးပါတီနှစ်ခုစီဖိတ်ကြားပြီး နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ဆွေးနွေးကြပါသည်။
ထိုPPlP program သည် နိုင်ငံရေးပါတီခေါင်းဆောင်များအချင်းချင်း တွေ့ဆုံ၍ ဆွေးနွေးမှုအစီအစဉ်တစ်ခုဖြစ်ပြီး ထိုအစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ -
1. ဒီမိုကရေစီရေးနှင့် အစိုးရကောင်းများပေါ်ထွန်းရေး၊တွင် နိုင်ငံရေးပါတီများ ပါဝင်လုပ်ဆောင်နိုင်မှုနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်ရန်။
2. အရှေ့တောင်အာရှနှင့် ဩစတြေးလျနိုင်ငံများရှိ နိုင်ငံရေးပါတီခေါင်းဆောင်မှုအကြောင်း ပိုမိုသိရှိနားလည် ရန်။ 3. ပါတီမူဝါဒရေးဆွဲရေးနှင့် ပါတီတွင်းဒီမိုကရေစီအကြောင်းကို၎င်း၊ ပါတီနှင့်လွှတ်တော်ကိုယ်စားလှယ်များ၏ ဆက်ဆံရေးကို၎င်း၊ ပိုမိုသိရှိနားလည်ရန်။
4. ပါတီတိုးတက်ဖွံ့ဖြိုးရေးနှင့် ပါတီလုပ်ငန်းများလုပ်ဆောင်ရာတွင် မိမိတို့၏အခန်းကဏ္ဍကို ပိုမိုသိရှိသဘော ပေါက်ရန်။
5. ပါတီအားဦးဆောင်မှုနှင့် မဟာဗျူဟာချမှတ်မှုများတွင် ပိုမိုဆောင်ရွက်နိုင်ရန်။
6. ပါတီဆက်လက်ရှင်သန်တိုးတက်ရေးအတွက် အချင်းချင်းထောက်ပံ့ကူညီမှုကွန်ယက် ထူထောင်နိုင်ရန်။
ဆွေးနွေးပွဲအကျဉ်းချုပ်မှာ
၁။ ဒီမိုကရေစီအရေးနှင့် အစိုးရကောင်းများပေါ်ထွန်းရေးတွင် နိုင်ငံရေးပါတီများ၏ ပါဝင်လုပ်ဆောင်ပေးနိုင်မှု
- နိုင်ငံရေးပါတီများ၏ လုပ်ငန်းတာဝန်များ
- ပါတီတွင်းဒီမိုကရေစီ
- မူဝါဒချမှတ်ရေး
- ပါတီဝင်များပါဝင်မှု
၂။ နိုင်ငံရေးပါတီများဖွံ့ဖြိုးတိုးတက်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုများတွင် ပါတီခေါင်းဆောင်များ၏အခန်းကဏ္ဍ။
၃။ ပါတီဦးဆောင်မှုတွင် မိမိကိုယ်တိုင်ပါဝင်မှုကဏ္ဍ
၎။ အင်ဒိုနီးရှားနိုင်ငံရေးပါတီများ၏ ခေါင်းဆောင်မှု
၅။ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံများရှိ နိုင်ငံရေးပါတီများ၏အနေအထားများ။
၆။ ဩစတြေးလျ လေဘာပါတီ (ALP) အကြောင်း
- ပါတီတွင်းဒီမိုကရေစီ
- မူဝါဒရေးဆွဲရေး
- ပါတီတွင်းစည်းကမ်းနှင့်သွေးစည်းညီညွတ်မှု
၇။ လေဘာပါတီ၏ State Secretary ၏ အခန်းကဏ္ဍ
- အငြင်းပွားမှုဖြေရှင်းရေး
- ပါတီတွင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် ဆက်ဆံရေး
၈။ အာရှထွန်းသစ်စ ဒိမိုကရေစီ၏နိုင်ငံရေးပါတီများ ( မြန်မာနိုင်ငံ)
၉။ ပါတီဝင်များသည် ရင်းမြစ်သယံဇာတလော ၀န်ထုပ်ဝန်ပိုးလော
၁၀။ ပါတီတွင်းဒီမိုကရေစီနှင့် ပါတီဖွံ့ဖြိုးရေး
၁၁။ ဩစတြေးလျ လေဘာပါတီ
- ပါတီတွင်းဒီမိုကရေစီနှင့် ပါတီစည်းကမ်း
- မူဝါဒများ ချမှတ်ရေး
- ခေါင်းဆောင်မှုအခန်းကဏ္ဍ
၁၂။ ဩစတြေးလျ လေဘာပါတီ
- ညွှန်ကြားရေးမှူး၏အခန်းကဏ္ဍ
- ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ဆက်ဆံရေး
- ပါတီဝင်များ စုဆောင်းမှုနှင့် ထိန်းသိမ်းမှု
- လစ်ဘရယ်ပါတီအတွင်းခေါင်းဆောင်မှု
၁၃။ ဩစတြေးလျ ဂရင်းပါတီအုပ်ချုပ်မှု
- ပါတီဝင်ခြင်း
- ပါတီတွင်းဒီမိုကရေစီ
- မူဝါဒများချမှတ်ရေး
- ပါတီစည်းကမ်း
- ဆက်သွယ်မှု
၁၄။ ဩစတြေးလျ ဂရင်းပါတီ
- ပါလီမန်ခေါင်းဆောင်၏အခန်းကဏ္ဍ
- ပါတီဝင်များနှင့် ဆက်သွယ်မှု
- မူဝါဒချမှတ်ရာတွင်ပါဝင်မှု
- ပါတီခေါင်းဆောင်မှု
- အောင်မြင်သည့်မဲဆွယ်မှု
- အောက်ခြေပါတီအဖွဲ့အစည်းများအား ဦးဆောင်မှု
၁၅။ ဩစတြေးလျလေဘာပါတီပါလီမန်ခေါင်းဆောင်၏အမြင်
- အမတ်များနှင့် အုပ်ချုပ်သူများဆက်ဆံရေး
- အမတ်လောင်းရွေးချယ်မှုလုပ်ငန်း
- ပါတီတွင်းအုပ်စုများ၏ခေါင်းဆောင်မှု
- ပါတီစည်းကမ်းနှင့် သွေးစည်းမှု
၁၆။ ဩစတြေးလျလေဘာပါတီပါလီမန်အမတ်တစ်ဦး၏အမြင်
- အမတ်များနှင့်အုပ်ချုပ်သူများ၏ ဆက်ဆံရေး
- အမတ်လောင်းရွေးချယ်မှုလုပ်ငန်း
၁၇။ ပါတီတွင်းအမျိုးသမီးများ၏အခန်းကဏ္ဍ
- ဥပဒေဖြင့်သတ်မှတ်သည့်အရေးအတွက်
- ဆန္ဒအလျှောက်သတ်မှတ်သည့်အရေအတွက်
- ခေါင်ဆောင်နေရာရှိ အမျိုးသမီးများ
၁၈။ ပါတီဝင်စုဆောင်းခြင်းနှင့် ထိန်းသိမ်းမှု
၁၉။ ပါတီမူဝါဒချမှတ်ရေး
စသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြပြီး ထိုဆွေးနွေးချက်များကို ပြန်လှယ်သုံးသပ်ကာ ရရှိသည့်သင်ခန်းစာများကို ဆက်လက်ထိန်းသိမ်းကြရန် နှင့် မိမိတိုင်းပြည်နှင့် ဆီလျှော်စွာ
အသုံးချကြရန် ဖြစ်သည်။
၂၄-၅-၂၀၁၂ ရက်နေ့ နေ့လည်တွင် ကင်ဘာရာရှိ ဩစတြေးလျ လွှတ်တော်တွင် ပါလီမန်အမတ်များ မေးခွန်း မေးမြန်းခြင်းနှင့် ၀န်ကြီးများကဖြေကြားခြင်းကို သွားရောက်လေ့လာခဲ့သည်။ဩစတြေးလျတွင်
ထိုမြင်ကွင်းများကို အများပြည်သူသိရှိနိုင်ရန်အတွက် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသပါသည်။
0 comments:
Post a Comment