Tuesday, June 5, 2012

ပထမဆုံး ချင်းတွင်း အိုင်စီတီ နည်းပညာပြပွဲ ကျင်းပမည်

04 Jun 2012  | By itTimes

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင် မုံရွာမြို့တွင် 1st CHINDWIN ICT EXHIBITION 2012 နည်းပညာ ပြပွဲအား N-G Link Computer Center နှင့် ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့ကြီးများမှ ကွန်ပျူ တာနှင့် အိုင်တီ နည်းပညာ ကုမ္ပဏီ လုပ်ငန်းရှင်များပူးပေါင်း၍ ၂၀၁၂ ခုနှစ် ဇွန် ၉ ရက်မှ ၁၁ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၇ နာရီထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲကို မုံရွာမြို့ မြို့ တော်ခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပါဝင်ပြသသည့် ကုမ္ပဏီများမှ ထူး ခြားသော အရောင်းမြှင့်တင်ရေးအစီ အစဉ်များ၊ ကံစမ်းမဲ လက်ဆောင် အစီအစဉ်များဖြင့် ကွန်ပျူတာနဲ့ အိုင်တီ ပစ္စည်းများကို ဈေးလျှော့ရောင်းချ  ပေးသွားမည်ဖြစ်ကြောင်း ပြပွဲရက်များအတွင်း မိုးမြင့်ထက် မျက်လှည့်ပွဲ model show နှင့် အမေးအဖြေကဏ္ဍများ ဖြေဆိုပြီး အမှတ်တရလက်ဆောင် ရရှိနိုင်မည့် အစီအစဉ်များလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း N-G Link Computer Center မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ထို့အပြင် Acer, MSI, Cyberpower, Gigabyte, Lite-On, East, Atom, HP စတဲ့ အမှတ်တံဆိပ် ကွန်ပျူတာ ပစ္စည်းများ နဲ့ အခြားအိုင်တီ ကုမ္ပဏီပစ္စည်းများလည်း ဝင်ရောက်ပြသမည်ဟု သိရသည်။ အထူးအစီအစဉ်အနေဖြင့် ဖွင့်ပွဲရက်တွင် ပြပွဲသို့လာရောက်သည့် ဧည့်ပရိသတ်များအားလုံးကို ကံစမ်း မဲလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ကြောင်း နေ့စဉ်ပြပွဲရက်အတွင်း နည်းပညာထုတ်ကုန်များ မိတ်ဆက် ခြင်းနှင့် နောက်ဆုံးပေါ် ကွန်ပျူတာ နှင့် အိုင်တီ နည်းပညာများကို ရှင်းလင်းတင်ဆက်ပေးသွားမည်ဖြစ်ပြီး ပါဝင်ပြသလိုသော ကုမ္ပဏီများအနေဖြင့်လည်း N-G Link ဖုန်း - ဝ၉ယ ၄၇၀၅၀၁၃၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

0 comments:

Post a Comment