Tuesday, July 17, 2012

Anonymous အဖွဲ့ဝင်တဦး ဖမ်းဆီးမိ

ဟွဏ်းဘီးလ် (RT)။     ။ ဂရိရဲ တပ်ဖွဲ့မှာ အသက် ၁၈ နှစ် အရွယ်ရှိ  အေသင်မြို့မှ ကျောင်းသားတစ်ဦးကို ယခုလအတွင်းက တရားရေးဝန်ကြီးဌာန ဝက်ဆိုက်ကို ကွန်ပြူတာ တိုက်ခိုက်မှု ပြုခဲ့သည့်အတွက် ဖမ်းဆီးလိုက်ပြီ ဖြစ်သည်။ ထို့အပြင် နောက်ထပ် သံသယရှိသူ နှစ်ဦးဖြစ်သည့် ၁၇ နှစ် မှ ၁၈ နှစ် အကြား လူငယ် နှစ်ဦးကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ် ၃ ဦးမှာ နိုင်ငံတကာမှ ဟက်ကာအဖွဲ့ ဖြစ်သည့် Anonymous မှ အဖွဲ့ဝင်များ ဖြစ်ကြောင်း ပြောခဲ့သည်ဟု AP သတင်းတွင် ဖော်ပြသည်။

ဟက်ကာများမှာ အဆိုပါ ဝန်ကြီးဌာနဝက်ဆိုက်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အစိုးရ၏ ခြိုးခြံ ချွေတာရေးလမ်းစဉ်ကို ဆန့်ကျင်သည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ယခုလို ဖမ်းဆီးမိမှုနှင့်အတူ အဆိုပါလူငယ်များအနေဖြင့် ကွန်ပြူတာကွန်ရက်ကို တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲခံရမည် ဖြစ်ကြောင်း ပြောခဲ့သည်။

0 comments:

Post a Comment