02 Jul 2012 | By ကြယ်စင်
ဟွဏ်းဘီးလ်။ ။ အခုထက် ပိုပြီး စွမ်းအင် ပိုမိုကောင်းမွန်စေဖို့ အတွက် သင့်မီးဖိုချောင် ထဲက အိမ်သုံးပစ္စည်း တွေနဲ့ သဘာဝအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
(၁) နံနက်စာအဖြစ် အမျှင်ဓာတ်များသော အစာစားပါ
လေ့လာမှုတစ်ရပ်အရ နံနက်စာမှာ အမျှင်ဓာတ် များများပါတဲ့ အစာနဲ့ စ တင်သူတွေက တစ်နေ့ လုံး လန်းဆန်းနေတယ် လို့ သိရပါတယ်။ အစာ ခြေစနစ်ကို ကောင်းမွန် စေပြီး သွေးတွင်း သကြား ဓာတ်က ပုံမှန်ဖြစ်နေလို့ ပါ။ နံနက်စာမှာ အမျှင် ဓာတ်ပါတဲ့ သစ်သီးခြောက်၊ အခွံမာတဲ့ အစေ့အဆန်၊ ဟင်းသီးဟင်းရွက်တွေကို ထည့်စားသင့်ပါတယ်။
(၂) ကာဗိုဟိုက်ဒရိတ်နှင့် ပရိုတင်းကို ရောစားပါ
ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်ပါတဲ့ သရေစာ ကို စားပေးရင် စွမ်းအင်ကို တိုးတက်စေ ပါတယ်။ ဥပမာ - ခရက်ကာမုန့်နဲ့ တူနာငါး၊ ဆယ်လ်မွန်ငါး ရော ပြီးစားတာ၊ အခွံမာသီး၊ စပျစ် သီးခြောက်နဲ့ ပေါင်မုန့်ညိုတွဲ စားတာ၊ မြေပဲထောပတ်နဲ့ ပေါင်မုန့် တွဲစားတာမျိုး ဖြစ်ပါတယ်။
(၃) ဆေးဖက်ဝင်အရည် သောက်ပါ
ဆေးဖက်ဝင်အရည်တွေက အစာ ကြေညက်စေပြီး အာဟာရရရှိမှုကို အား ကောင်းစေပါတယ်။ ဒါကြောင့် လက် ဖက်စိမ်းလက်ဖက်ရည်၊ ချမိုမိုင်းလက် ဖက်ရည်စတဲ့ ဆေးဖက်ဝင်အရည်တွေ ကို သောက်ပေးပါ။
(၄) သံပရာရည်၊ ရှောက်ရည် သောက်ပါ
သံပရာရည်၊ ရှောက်ရည်အေးအေး တစ်ခွက်ကို သောက်ရင် စွမ်းအင်ကို နှစ် ဆတိုးစေပါတယ်။ ရေဓာတ်ခန်းခြောက် တာကြောင့် နုံးချည့်ညောင်းညာနေရင် ရေနှစ်ဖန်ခွက်လောက် သောက်လိုက်ပါ။ ရေထဲကို သံပရာစိတ် ထည့်သောက်ရင် ပိုမို နိုးကြားစေပြီး လန်းဆန်းစေပါတယ်။
(၅) သံဓာတ်ဖြည့်တင်းပါ
အိပ်ရေးဝအောင် အိပ်ပေမယ့် နိုးလာတိုင်း နုံးချည့်ပြီး ပင်ပန်းနေရင် သံဓာတ်ချို့တဲ့နေတာ ဖြစ်နိုင်ပါတယ်။ သံဓာတ်ဟာ ခန္ဓာကိုယ်တွင်းရှိ ဆဲလ် တွေဆီ အောက်ဆီဂျင်သယ်ဆောင် ပေးတဲ့ ဟေမိုဂလိုဗင်ကို ထုတ်လုပ် ရာမှာ အရေးပါတာကြောင့် စွမ်းအင် ကိုတိုးစေပါတယ်။ လစဉ် ရာသီသွေး အလွန်အမင်းဆင်းတာ၊ သက်သတ်လွတ်စားတာ၊ အစာအိမ်အနာရှိတာနဲ့ သွေးထွက် တာစတဲ့ အခြေအနေတွေကြောင့် သံဓာတ်ချို့တဲ့တတ်ပါတယ်။ ပဲအမျိုးမျိုး၊ ဟင်း နုနယ်ရွက်၊ တိရစ္ဆာန်ကလီစာတွေမှာ သံဓာတ်ပါဝင်နေတာကြောင့် ဒီအစာတွေကို ဗီ တာမင်စီပါတဲ့ လိမ္မော်ရည်နဲ့ တွဲဖက်ပြီး စားသောက်သင့်ပါတယ်။
(၆) ပူရှိန်းပါသော ပီကေဝါးပါ
စွမ်းအင်တိုးစေဖို့ အနံ့နဲ့ အရသာ နည်းနည်းလိုအပ်ပါတယ်။ ဒါကြောင့် ပူ ရှိန်းပါတဲ့ပီကေကို ဝါးလိုက်ရင် လန်းဆန်း သွားနိုင်ပါတယ်။
(၇) လက်ဖက်ရည်ကို ရွေးပါ
လေ့လာမှုတစ်ရပ်အရ လက် ဖက်ရည်သောက်တာက စွမ်းအင်နဲ့ သက်လုံကို ပိုမိုကောင်းမွန်စေပြီး အိပ်စက်မှုကို နှောင့်ယှက်နိုင်ခြေနည်း တယ်လို့ သိရပါတယ်။ ဒါကြောင့် က ဖင်းဓာတ်ပါဝင်မှုနည်းတဲ့ လက်ဖက် ရည်ကို ရွေးချယ်ပါ။
0 comments:
Post a Comment