ဟွဏ်းဘီးလ်။ ။ တရုတ် အာဏာပိုင်များရဲ့ ပိတ်ပင်မှုကြောင့် တရုတ်ပြည်သူတွေဟာ Bloomberg.com ၀က်ဘ်ဆိုက်နဲ့ Businessweek.com ၀က်ဘ်ဆိုက်ကို အသုံးပြုလို့မရ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါဟာ တရုတ်ဒုတိယသမ္မတ Xi Jinping ရဲ့ ဆွေမျိုးတွေအကြောင်း စပ်ယှက် ရေးသားထားတဲ့ ဆောင်းပါး တစ်ပုဒ်ကို ပြီးခဲ့တဲ့ သောကြာနေ့က ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး အခုလို တုန့်ပြန်ခံခဲ့ရတာ ဖြစ်တယ်လို့ Bloomberg မှ တာဝန်ရှိသူတွေက ယူဆနေကြပါတယ်။
ဘလွန်းဘာ့ဂ်ဟာ အဆိုပါ ၀က်ဘ်ဆိုက်တွေကို ပြန်လည် ပြင်ဆင်ဖို့အတွက် အဲဒီသောကြာနေ့က နာရီပေါင်းများစွာ ဆိုင်းငံ့ထားခဲ့ပါတယ်။ တရုတ် ဒုတိယသမ္မတ ရှီကျင်ပင်းဟာ နိုင်ငံရဲ့ နောက်တက်မယ့် သမ္မတဖြစ်လာ ဖို့ ပြင်ဆင်နေ သူဖြစ်ပြီး အဆိုပါ ဆောင်းပါးမှာ ဒုတိယသမ္မတနဲ့ ဆွေမျိုးတော်စပ်သူ တချို့ရဲ့ ဒေါ်လာ သန်းပေါင်းမြောက်မြားစွာ ကြွယ်ဝချမ်းသာမှုအကြောင်း ရေးသား ဖော်ပြထားတာ ဖြစ်ပါတယ်။
အဆိုပါ ဘလွန်းဘာ့ဂ် ၀က်ဘ်ဆိုက်တွေ တင်မကဘဲ ဒီလို လွတ်လပ်စွာ ရေးသား ဖော်ပြတဲ့ ၀က်ဘ်ဆိုက် အများစုဟာ အလားတူ ပြဿနာမျိုးတွေနဲ့ ရင်ဆိုင်ရလေ့ ရှိတယ်လို့ သိရှိရပါတယ်။
0 comments:
Post a Comment