Wednesday, July 18, 2012

သီရိလင်္ကာတွင် အစာအဆိပ်သင့်မှု ဖြစ်ပွား

ဟွဏ်းဘီးလ် (MR-4)။     ။ သီရိလင်္ကာနိုင်ငံ အရှေ့ပိုင်း ဒေသတစ်ခုမှာ တနင်္လာနေ့က အစာအဆိပ်သင့်မှုကြောင့် လူ ၄၀၀ကျော် ဆေးရုံတင်ပို့ပြီး ဆေးကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ အစာဆိပ်သင့်ဝေဒနာ ခံစားခဲ့ရတဲ့သူတွေဟာ သီရိလင်္ကာ အရှေ့ပိုင်း Batticaloa  မြို့က အခမ်းအနား တစ်ခုကို တက်ရောက်ခဲ့ကြပြီး အဲ့ဒီ အခမ်းအနားက အစားအသောက်တွေ စားသုံးပြီး နောက်ပိုင်းမှာ ဝေဒနာ စတင်ခံစားခဲ့ရတာ ဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ အစာအဆိပ်သင့်ခဲ့သူတွေဟာ ၀မ်းပျက်ဝမ်းလျှော ဝေဒနာ ခံစားနေရပြီး စိုးရိမ်ရတဲ့ အခြေအနေ မရှိကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညက လူ ၁၅၀ခန့်သာ ဆေးရုံ တင်ခဲ့ကြရပြီး တနင်္လာနေ့မှာတော့ ဆေးကုသမှု ခံယူသူဦးရေ ၄၀၀ကျော် ရှိခဲ့ကြောင်း ဆေးရုံ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။ အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေး မှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

သီရိလင်္ကာ နိုင်ငံအတွင်းရှိ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းတွေနဲ့ ကလေးသူငယ်တွေဟာ လမ်းဘေး ဈေးဆိုင်တွေက အစားအသောက်တွေကို ၀ယ်ယူစား  သောက်လေ့ရှိတဲ့အတွက် မကြာခဏ အစာအဆိပ် သင့်ဝေဒနာ ခံစားကြရတယ်လို့ သိရပါတယ်။

0 comments:

Post a Comment