ဟွဏ်းဘီးလ် ။ ။ နယူးဇီလန် ရေတပ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုမှာ ၎င်းတို့ရဲ့ Sparrow ဒုံးကျည်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ၂၀၁၂ခုနှစ်ရဲ့ Sea Sparrow စစ်ရေး လေ့ကျင့်မှုကို ဦးဆောင်ပြုလုပ်တဲ့ အမေရိကန်ရေတပ်ရဲ့ ဟာဝိုင်ရီ ကျွန်းမြောက်ပိုင်း မှာ ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။
အဆိုပါ Sea Sparrow ဒုံးကျည်ဟာ နယူးဇီလန် ဒေါ်လာ ခုနှစ်သိန်း ခုနှစ်သောင်း ရှစ်ထောင် တန်ဖိုးရှိပြီး စမ်းသပ် ပစ်လွှတ်မှုအတွင်း သတ်မှတ်ထားတဲ့ ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နယူးဇီလန် ရေတပ်ဟာ ၎င်းစစ်သင်္ဘောတွေရဲ့ လက်နက်တွေနဲ့ ပတ်သက်ပြီး နှစ်နှစ်တစ်ကြိမ် စမ်းသပ် ပစ်ခတ်လေ့ရှိပါတယ်။
ယခုနယူးဇီလန် ရေတပ်မှ ပါဝင်လေ့ကျင့်နေတဲ့ RIMPAC စစ်ရေးလေ့ကျင့်မှုဟာ ကမ္ဘာ့အကြီးဆုံး ရေကြောင်း စစ်ရေး လေ့ကျင့်မှု တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂၂နိုင်ငံက တိုက်လေယာဉ် အစီး ၂၀၀၊ ရေငုပ်သင်္ဘော ၆စီး၊ စစ်သင်္ဘော ၄၂စီးနဲ့ စစ်သည် နှစ်သောင်း ငါးထောင် ပါဝင်တယ်လို့ သိရပါတယ်။
0 comments:
Post a Comment