Wednesday, July 18, 2012

ဗီယမ်နမ်တွင် နိုင်ငံတကာ မီးပုံးပျံပွဲတော် ကျင်းပ

ဟွဏ်းဘီးလ် ။     ။  ဗီယက်နမ်နိုင်ငံရဲ့ ပထမဦးဆုံး ဗီယက်နမ် နိုင်ငံတကာ မီးပုံးပျံပွဲတော်ကို ဟိုချီမင်းမြို့အနီး ဘင်ထွမ် ပြည်နယ်အလယ်ပိုင်းမှာ လာမယ့် သြဂုတ်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာလ ၃ရက်နေ့အထိ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

အဆိုပါ ပွဲတော်ဟာ စက်တင်ဘာလ ၂ရက်နေ့မှာ ကျရောက်မယ့် ၆၇ကြိမ်မြောက် ဗီယက်နမ် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားတွေ အနက် တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ အဲဒီပွဲတော်မှာ အရွယ်စုံ၊ သဏ္ဍာန်စုံရှိ ရောင်စုံ မီးပုံးပျံအလုံး ၂၀ကနေ ၃၀အကြား ပါဝင်မှာ ဖြစ်ပါတယ်။

အဆိုပါ ဗီယက်နမ် နိုင်ငံတကာ မီးပုံပျံပွဲတော်ကို နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန်၊ တရုတ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံတကာ မီးပုံးပျံစီးသူ အယောက် ၅၀ခန့် ပါဝင်ဆင်နွှဲကြမယ်လို့ သိရှိရပါတယ်။

0 comments:

Post a Comment