ဟွဏ်းဘီးလ် (MR-4) ။ ။ မကြာသေးမီကမှ ဆုရရှိသွားခဲ့သူ ၂၀၁၂ ကိုရီးယား အလှမယ် Kim Yu-mi မှာ သူမ အနေဖြင့် အလှမယ် ပြိုင်ပွဲ မဝင်မီ အချိန် အတွင်း ခန္ဓာကိုယ်ကို ခွဲစိတ် ပြုပြင်ခဲ့ကြောင်း ဗုဒ္ဓဟူး နေ့က ထုတ်လွှင့် သည့် ကိုရီးယား ရုပ်မြင်သံကြား အစီအစဉ် တစ်ခုတွင် ဝန်ခံစကား ပြောကြားလိုက်ကြောင်း ကိုရီးယား မီဒီယာများတွင် ဖော်ပြခဲ့သည်။
ယခုလို ပေါ်ထွက်လာရခြင်းမှာ သူမ အထက်တန်း ကျောင်းသူ ဘဝက ကျောင်းမှတ်တမ်း စာအုပ်မှ ပုံကို အင်တာနက်တွင် ထွက်ပေါ်လာပြီးနောက် ယခုလို ဝန်ခံလိုက်ခြင်း ဖြစ်သည်။ အဆိုပါ စာအုပ်တွင် သူမ၏ ဓါတ်ပုံမှာ မျက်လုံးသေးသေးလေးသာ ရှိပြီး ရှည်မျောမျော မျက်နှာပိုင်ရှင် တစ်ယောက် ဖြစ်ကာ ၂၀၁၂ ခုနှစ် ကိုရီးယား မယ်ရွေးပွဲတွင်မူ မျက်လုံးဝိုင်းဝိုင်းဖြင့် ဖြစ်ကြောင်းလည်း သိရသည်။
ယခုလို ဝန်ခံမှုနှင့် အတူ သူမ အနေဖြင့် နောက်ပိုင်းတွင် အတွင်းပိုင်း စိတ်အလှကိုသာ ဦးစားပေးပြီး တိုးတက်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။
source : channelnewsasia.com
0 comments:
Post a Comment