ဟွဏ်းဘီးလ် ။ ။ ဂျပန်နိုင်ငံ အခြေစိုက် ဟွန်ဒါ ကားကုမ္ပဏီဟာ ကမ္ဘာတစ်ဝှမ်းရှိ မော်တော်ယာဉ်အစီးရေ သုံးသိန်း နှစ်သောင်း ကျော်ကို ပြန်လည် သိမ်းယူမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလိုကားတွေ ပြန်လည် သိမ်းယူတာဟာ ကားတံခါးသော့ ချို့ယွင်းမှုကြောင့်ဖြစ်ပြီး ၂၀၁၂မော်ဒယ် CR-V အမျိုးအစားကားတွေနဲ့ ၂၀၁၃ မော်ဒယ်လ် Acura ILX ဆီဒင် ကားတွေ ပါဝင်မှာ ဖြစ်ပါတယ်။
အဆိုပါ ကားတံခါး ပြဿနာကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုတွေတော့မရှိသေးကြောင်း သိရပါတယ်။ ဂျပန်မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ ဟွန်ဒါ ကားကုမ္ပဏီဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ မော်တော်ယာဉ် အစီးရေ သန်းနဲ့ချီ ပြန်လည် သိမ်းယူခဲ့ပြီး အခုလို ချွတ်ယွင်းမှုတွေ ပိုမိုကြုံတွေ့နေရတယ်လို့ သိရပါတယ်။
0 comments:
Post a Comment