Thursday, July 26, 2012

Skinny ကြိုက်သော အမျိုးသားများ

ဟွဏ်းဘီးလ် (ဇင်မာမြင့်) ။     ။ Skinny ကြိုက်သော အမျိုးသားများဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ သတိပေးထားသည်မှာ Skinny Jeans ဂျင်းဘောင်းဘီအောက်ရှူး ကျပ်ကျပ်တွေဝတ်ဆင်ခြင်းဟာ ဝှေးစေ့ပုံမမှန်ဖြစ်ခြင်း (Twisted Testi cles)၊ ဆီးအိမ်အားနည်းခြင်း (Bladder Weakness) နှင့်ဆီးလမ်းကြောင်း ပိုးဝင်ခြင်းတို့ကို ဖြစ်စေ တယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံရှိ ဆရာဝန်များဟာ ဂျင်းဘောင်းဘီကျပ်ကျပ် ဝတ်ဆင်ခြင်းရဲ့အ္တရာယ်များကို ဖော်ထုတ်နိုင်ရန် ကြိုးစားလျက်ရှိပါတယ်။ အလွန်အမင်းတင်းကျပ်သော ဂျင်းဘောင်းဘီများကို ဝတ်ဆင်ခြင်းကြောင့် ဝှေးစေ့ပုံမမှန်ဖြစ်နေသည့် လူနာများကို ဆေးကုသမှုပေးနေရကြောင်း သုတေသန ပြုလုပ်သည့် ဒေါက်တာဟယ်လာရီဂျုံးစ်က ပြောပြခဲ့ပါ တယ်။

တင်းကျပ်တဲ့ဂျင်းဘောင်းဘီများ ဝတ်ဆင်ခြင်းကြောင့် Spermatic Cord လိမ်သွားကာ ဝှေးစေ့ကို ပုံမမှန်ဖြစ်သွားစေပြီး သွေးလှည့်ပတ်မှုများ ပြတ်တောက်သွားစေပါတယ်။ ဒီအခြေအနေမှာ တတ်နိုင် သမျှစောပြီး ခွဲစိတ်ကုသမှုခံယူရမှာဖြစ်ပါတယ်။ အချိန်ကြာသွားရင် ဝှေးစေ့ပုပ်သွားနိုင်လို့ ဖြစ်ပါတယ်။ SkinnyJeans ဘောင်းဘီဝတ်သော ဗြိတိန်အမျိုးသား ၂၀ဝ၀ကို လေ့လာခဲ့ရာ ၁၀ ဦးလျှင် ၁ ဦးသည် ဂျင်းဘောင်းဘီ ကျပ်ခြင်းကြောင့် မသက်မသာ ဖြစ်မှုများ၊ ဘေးထွက်ဆိုးကျိုးများကို ခံစားရကြောင်း တွေ့ရှိထားကြပါတယ်။

0 comments:

Post a Comment