ဟွဏ်းဘီးလ် (MRT) ။ ။ တောင်ကိုရီးယား နိုင်ငံရှိ အစိုးရရှေ့နေများမှာ သမ္မတ လီမြောက်ဘတ်နှင့် အချိန်ကြာမြင့်စွာ အနီးကပ် တာဝန် ထမ်းဆောင်ခဲ့သူ လက်ထောက်တစ်ဦးကို အဂတိ လိုက်စားမှုဖြင့် ဖမ်ဆီးလိုက်ပြီ ဖြစ်သည်။ ကင်မ်ဟီဂျွန်းဟု အမည်ရသူမှာ အင်္ဂါနေ့က အဖမ်းခံလိုက်ရခြင်း ဖြစ်ကာ ဒေါ်လာ ၈၇၀၀၀ ပမာဏရှိ ငွေကြေးများနှင့် ပစ္စည်းများကို ဘဏ်အကြီးအကဲ တစ်ဦးထံမှ လက်ခံရယူခဲ့သည် ဆိုသည် စွပ်စွဲချက်ဖြင့် အဖမ်းခံခဲ့ရခြင်းလည်း ဖြစ်သည်။
ယင်းနေ့ အစောပိုင်းက သမ္မတလီမှ ယခုလို ၎င်းနှင့် နီးစပ်သူများ အနေဖြင့် လာဘ်စားမှု ဖြစ်ရပ်များတွင် ပါဝင် ပတ်သက်နေမှုအတွက် တောင်းပန်မှု ပြုခဲ့ကြောင်းလည်း သိရသည်။ တောင်ကိုရီးယား နိုင်ငံမှ အချို့သော မီဒီယာများမှာ သမ္မတ လီမြောင်ဘတ်၏ အုပ်ချုပ်ရေးကို အပြောင်းအလဲကို ဖော်ဆောင်နိုင်မှု မရှိသည့် အဖွဲ့တစ်ခု အဖြစ် စွပ်စွဲ ပြောကြားမှုများကို ပြုလုပ်ခဲ့ကြောင်းလည်း NHK သတင်းတွင် ဖော်ပြခဲ့သည်။
source : NHK news
0 comments:
Post a Comment