Saturday, August 4, 2012

ဂျပန်တွင် ကုန်ကျစရိတ် သက်သာစွာဖြင့် ပညာသင်ကြားနိုင်

West Coast Language School (Tokyo) ၏ အင်တာနက်စာမျက်နှာတွေ့ရစဉ်။    ။ ဓါတ်ပုံ-http://www.wls-jp.com/eng/
ယန်းရှစ်သိန်းဖြင့် ဂျပန်တွင်ပညာသင်ကြားရန် Westcoast တွင် စာမေးပွဲ ဖြေနိုင် ဂျပန် နိုင်ငံသို့ ကုန်ကျစရိတ် သက်သာစွာဖြင့် သွားရောက် ပညာသင်ကြားလိုသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အရည် အချင်းစစ်စာမေးပွဲကို West Coast Language School (Tokyo) မှ ဩဂုတ်လ ၁၉ရက်နေ့တွင်ကျင်းပ ပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရ သည်။

အဆိုပါ စာမေးပွဲကိုဂျပန် ဘာသာN3 နှင့် အထက်အဆင့်ရှိ သူများဝင်ရောက်ဖြေဆိုနိုင်ပြီး ထူး ချွန်စွာအောင်မြင်သူများအနေဖြင့် ကျောင်းလခတစ်နှစ်စာ၊ကျောင်း ဝင်ကြေး၊ လေယာဉ်လက်မှတ် အပါအဝင် ယန်းရှစ်သိန်းသာပေး သွင်းကာ ကျောင်းတက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ အောင်မြင်သူများအနေဖြင့် လာမည့်၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ နှင့် ဧပြီလတန်းခွဲများတွင် စတင် တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

အမှန်တကယ် ပညာသင်ကြားလို သူလူငယ်များအနေဖြင့်Westcoast Japanese Language Center (ရန်ကုန် + မန္တလေး)တွင်စာမေးပွဲဖြေ ဆိုရန်လျှောက်လွှာများ ကိုဩဂုတ် လ ၁၅ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။

By Net Guide

0 comments:

Post a Comment