Saturday, August 11, 2012

အိန္ဒိယ-မြန်မာ ပူးတွဲစစ်ရေး လေ့ကျင့်မည်

ဟွဏ်းဘီးလ် ။        ။ အိန္ဒိယ တပ်မတော်နှင့် မြန်မာ တပ်မတော်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်မည် မြန်မာ့ တပ်မတော်နှင့် အိန္ဒိယ တပ်မတော်သို့ ပူးတွဲ စစ်ရေး လေ့ကျင့် မှုများ၊ အပါအဝင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်မှ သင်တန်းသားများ အပြန် အလှန် စေလွှတ်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အရ သိရသည်။

အိန္ဒိယနိုင်ငံတပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးတွဲစစ်ဦးစီးချုပ်၊ အိန္ဒိယရေတပ် စစ်ဦးစီးချုပ် Admiral Nirnal Verma နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ၅-၈-၂၀၁၂ ရက်က အိန္ဒိယနိုင်ငံ၌ တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံပွဲ၌ နှစ်နိုင်ငံတပ်မတော်အကြား ယခင်ထက် ပိုမိုရင်းနှီးစွာနှင့် ဆက်ဆံသွားရန်၊ အိန္ဒိယတပ်မတော် (ကြည်း) မှ မြန်မာတပ်မတော် (ကြည်း) တို့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရန် တပ်မတော်တစ်ခုတွင် လိုအပ်သည့် တိုက်ခိုက်ရေးနည်း ပညာများ ပံ့ပိုးပေးသွားရန် စသည့်အချက်များကို သဘောတူညီမှု ရယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယသမ္မတနိုင်ငံ တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းအား ခံယူခဲ့ပြီး မကြာမီကမှ ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မူခါဂျီနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment