Thursday, August 16, 2012

အမေရိက လေစွမ်းအင် ထုတ်လုပ်မှု တဟုန်ထိုး မြင့်တက်ခဲ့

ဟွဏ်းဘီးလ် ။    ။  အမေရိကန် စွမ်းအင်ဌာနမှ အင်္ဂါနေ့က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ကာ ယင်းတွင် ဖော်ပြရာ၌ အမေရိကန် နိုင်ငံ အနေဖြင့် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်က ကမ္ဘာ့ အကြီးဆုံးနှင့် အလျင်မြန်ဆုံး တိုးတက်လာသည့် လေအားလျှပ်စစ် ထုတ်လုပ်သူ တစ်ဦးအဖြစ် ဆက်လက် ရှိနေခဲ့ကြောင်း ဖော်ပြခဲ့သည်။

လွန်ခဲသည့် ၂၀၁၁ ခုနှစ် လေအားသုံး နည်းပညာ ဈေးကွက် အစီရင်ခံစာတွင် ဖော်ပြရာ၌ အမေရိကန် နိုင်ငံ၏ ပင်မ ဓါတ်အား စနစ်သို့ လေအားမှ ရရှိသည့် လျှပ်စစ် ဓါတ် ၆၈၀၀ မီဂါဝပ်ကို ထပ်ဆောင်း ပေးနိုင်ခဲ့ကာ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်ကထက် စာပါက ၃၁ ရာနှုန်း အထိ တိုးလာခြင်း ဖြစ်ကြောင်းလည်း ပြောခဲ့သည်။

အမေရိကန် နိုင်ငံ၏ လေအား လျှပ်စစ်ဓါတ် ထုတ်လုပ်မှုမှာ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် အကုန်က ၄၇၀၀၀ မီဂါဝပ်သို့ ရောက်ရှိခဲ့ပြီး ၂၀၀၀ ခုနှစ်မှ စတင်ကာ လေးဆအထိ တိုးလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။ အလားတူပင် အဆိုပါ အစီရင်ခံစာတွင် ဖော်ပြရာ၌  ယမန်နှစ်က အမေရိကန် ပြည်ထောင်စု အတွင်း  ၃၂ ရာနှုန်းသော လျှပ်စစ်ဓါတ် ထုတ်လုပ်နိုင်မှု ပမာဏသစ် ကို ရောက်ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အဖြစ် ဒေါ်လာ ၁၄ ဘီလီယံ ပမာဏကို ရောက်ရှိခဲ့ကြောင်းလည်း သိရသည်။

0 comments:

Post a Comment