Sunday, August 19, 2012

မြန်မာ့လေကြောင်း အဆင့်တိုးမြှင့် ဆောင်ရွက်မည်

ဟွဏ်းဘီးလ် ။    ။ ပြည်တွင်းရဲ့လေကြောင်း လိုင်းတစ်ခု ဖြစ်တဲ့ မြန်မာ့ လေကြောင်း လိုင်းကို နိုင်ငံတကာ အဆင့်မီ လေကြောင်းလိုင်း ဖြစ်အောင် အဆင့် မြှင့်တင်မှုတွေကို စက်တင်ဘာ လကုန်မှ စတင် ဆောင်ရွက် မယ်လို့ သြဂုတ်လ ၁၇ ရက်နေ့က ချက်ထရီယမ် ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ လေကြောင်းနဲ့ ဒူဘိုင်း နိုင်ငံရှိ Dnata လေကြောင်း စီးပွားရေး လုပ်ငန်းတို့ရဲ့ MoU လက်မှတ် ရေးထိုးပွဲမှ သိရပါတယ်။

အဆိုပါ MoU ရေးထိုးမှု ကတော့ မြန်မာ့ လေကြောင်းလိုင်းရဲ့ ဆောင်ရွက် နေမှုတွေကို ပိုမို ဖွံ့ဖြိုးဖို့ အတွက် မြေပြင် ၀န်ဆောင်မှု လုပ်ငန်းတွေ မှာပါ နိုင်ငံတကာ အဆင့်မီအောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဒီလို လုပ်ငန်း ဆောင်ရွက်မှုတွေကို လုပ်ဆောင်ရာ မှာတော့ စက်တင်ဘာ လကုန်က စတင်ကာ လာမယ့်နှစ် မတ်လကုန် အထိ လုပ်ဆောင် မှာဖြစ်ပြီး အဲ့ဒီနောက် မှာတော့ ပြည်တွင်းမှာ ဆောင်ရွက်တဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပုံစံတွေအတိုင်း ငါးနှစ်စီ သက်တမ်း တိုးကာ နှစ်ရှည် ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ပူးပေါင်းမှုတွေ ပြုလုပ်ဖို့ လုပ်ဆောင်ခဲ့တဲ့ MoU လက်မှတ် ရေးထိုးပွဲကိုလည်း ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဥာဏ်ထွန်းအောင်၊ မြန်မာ့ လေကြောင်း ဦးဆောင် ညွှန်ကြားရေးမှူးနဲ့ တာဝန်ရှိ သူများ၊ ဒီနာ့တာ့ စင်္ကာပူ ပီတီအီး လီမိတက်မှ တာဝန်ရှိသူများ တက်ရောက်ကာ MoU ရေးထိုးခဲ့ကြ တယ်လို့ သတင်း ရရှိပါတယ်။ Ref: MRTV-4

0 comments:

Post a Comment