ဟွဏ်းဘီးလ် (ပန်းပွင့်ကဗျာ)။ ။ Love is to conquer selfishness “ချစ်ခြင်း မေတ္တာ ဆိုတာ အတ္တ ဆန်တာကို အောင်နိုင် ဖို့ပါပဲ” လူဆိုတာ တစ်ဦးတစ်ယောက် တည်းနေထိုင်လို့ မရပါဘူး။ လူရယ် လို့ဖြစ်လာရင် လူ့အဖွဲ့အစည်းနဲ့ ပတ်သက် ဆက်နွယ်မှု ရှိလာ မှာပါပဲ။
လူမှုဆက်ဆံရေး ( Social dealing) ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါ တယ်။ ချိုချိုသာသာပြောဆိုသူ၊ နူးညံ့သိမ်မွေ့သူတစ်ယောက်ဖြစ်မှ သာ လူမှုဆက်ဆံရေးမှာ အဆင် ပြေမှာပါ။ အများနဲ့ဆက်ဆံရာမှာ အတ္တတွေကိုလျှော့ချဖို့လိုပါတယ်။ အတ္တကြီးတဲ့လူတစ်ယောက် ဟာ အခြားသူတွေအပေါ်မှာ ဗိုလ် ကျဖို့ဝန်မလေးပါဘူး။ ဒါပေမဲ့ အတ္တ ကို အောင်နိုင်တဲ့အရာတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ “ချစ်ခြင်း မေတ္တာ”ပါ။
ချစ်ခြင်းဟာ မမြင်နိုင် တဲ့စွမ်းအားတွေအများကြီးရှိနေသ လို ထင်မှတ်မထားတဲ့ နူးညံ့မှုတွေ၊ သည်းခံတတ်မှုတွေကိုလည်း မွေး ဖွားပေးပါတယ်။ ကမ္ဘာကြီးကို လည်ပတ်စေ တာကလည်း အချစ်ပါပဲ။ ကမ္ဘာ့ အရှေ့ခြမ်းမှာ ရှိနေသူပဲဖြစ်ဖြစ်၊ ကမ္ဘာ့အနောက်ခြမ်းမှာ ရှိနေသူပဲ ဖြစ်ဖြစ် အချစ်က လူသားအားလုံး နဲ့ သက်ဆိုင်ပါတယ်။
ကြမ်းတမ်း ခက်ထန်နေသူတစ်ယောက်ကို သိမ်မွေ့လာအောင် အချစ်က စွမ်း ဆောင်နိုင်သလို ဆိုးသွမ်းနေတဲ့သူ တစ်ယောက်ကို လိမ္မာယဉ်ကျေး လာအောင် အချစ်က စွမ်းဆောင် နိုင်ပါတယ်။ မငြိမ်းချမ်းတာကို ငြိမ်း ချမ်းလာအောင်၊ ရက်စက်မှုတွေ နေရာမှာ ကြင်နာမှုတွေဖြစ်လာ အောင် စွမ်းဆောင်နိုင်တာက အချစ်ပါပဲ။ အချစ်နဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးကို စာဖတ်သူတို့ ကြားဖူးကြပါလိမ့် မယ်။ ဒါပေမဲ့ ဘယ်သူကမှ ပြီးပြည့် စုံတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပေး စွမ်းနိုင်မှာမဟုတ်ပါဘူး။
အချစ်ဟာ အချိန်ကာလရဲ့ နယ်နိမိတ်မျဉ်းတွေ ကို ပယ်ဖျက်နိုင်ပါတယ်။ ဆိုလိုတာ က ကမ္ဘာဦးကာလမှာ အချစ်ရှိခဲ့ သလို ၂၁ရာစုမှာလည်း အချစ်ရှိ နေတာပါပဲ။ ခေတ်အဆက်ဆက် မှာ ချစ်ခြင်းမေတ္တာအပေါ် အခြေ ခံပြီး လူသားမျိုးနွယ်ဟာ ဆက် လက်တည်တံ့လာခဲ့တယ်မဟုတ်ပါ လား။
လူသားမျိုးနွယ်တွေမဆိုထား နဲ့ တိရစ္ဆာန်တွေမှာတောင် အချစ်ရှိ ကြပါတယ်။ အောက်ချင်းငှက်တွေ ဟာ တစ်ကောင်နဲ့ တစ်ကောင် သစ္စာရှိရှိ ချစ်ကြတယ်။ ကြက်မကြီး က ကြက်သားပေါက်လေးတွေကို သူ့ရင်ငွေ့နဲ့ နွေးထွေးစေတယ်။ သခင်ကွယ်လွန်သွားလို့ ကျန်ခဲ့တဲ့ ခွေးကလေးက သခင့်အုတ်ဂူနားမှာ ပဲ သွားနေတာဟာ သူ့ရဲ့ချစ်ခြင်းကို ပြသတဲ့သင်္ကေတပါပဲ။
“အချစ်ဆိုတာ အလကားပါ ကွာ....မီးလိုပူတယ်”လို့ ပြော ကြတာလည်းရှိပါတယ်။ တကယ် တော့ ချစ်ခြင်းက လူသားတွေကို ပူလောင်စေတာမဟုတ်ပါဘူး။ ကိုယ့်ခံယူချက်ပေါ်မူတည်ပြီး ပူ လောင်တယ်လို့ ထင်မြင်တာဖြစ်ပါ တယ်။ တချို့ကျတော့လည်း “အချစ်”နဲ့ အကြိုက်ကိုမခွဲခြားတတ် ပြန်ဘူး။ စစ်မှန်တဲ့ ပေးဆပ်မှုတွေနဲ့ တစ်စုံတစ်ယောက်အတွက် ရပ် တည်သွားချင်တာက “အချစ်” ဖြစ်ပြီး တဒင်္ဂသာယာမှု၊ လှပမှု အပေါ် ခုံမင်တာက “အကြိုက်” ဖြစ်ပါတယ်။ အကြိုက်ဟာ ပြောင်း လဲတတ်တဲ့ သဘာဝရှိပြီး အချစ်က တည်မြဲခြင်း သဘောဆောင်ပါ တယ်။ တချို့ကျတော့လည်း အ ချစ်နဲ့ ရမ္မက်ကို ကွဲကွဲပြားပြား မသိ ကြပါဘူး။ ဒါကြောင့်လည်း လက် မထပ်ဘဲအတူနေခြင်း (Living together) တွေရှိနေတာပါ။
တကယ်တော့ လိင်ဆန္ဒသက်သက် ဟာ အချစ်မဟုတ်ပါဘူး။ လိင်ဆန္ဒ မပါတဲ့အချစ် (Love without sex) ဟာ ပိုပြီးတန်ဖိုးမြင့်ပါတယ်။ သင်ဟာ ဘယ်လိုလူစားလဲ . . . ချစ်ခြင်းကို တန်ဖိုးထားသူတစ် ယောက်ဆိုရင်တော့ ကိုယ်တ ကယ်ချစ်တဲ့သူကိုပဲ “ချစ်သူ” အဖြစ် ရွေးချယ်သင့်ပါတယ်။ ကိုယ် တကယ်ချစ်ရင် ဆင်းရဲတာ၊ ချမ်း သာတာ၊ အသားမည်းတာ၊ အသား ဖြူတာ၊ အရပ်ပုတာ၊ အရပ်ရှည်တာ တွေက အရေးမကြီးတော့ပါဘူး။ ပြီးတော့ သင့်အနေနဲ့ ချစ်သူအပေါ် “နားလည်မှု” ပေးနိုင်ဖို့ ကြိုးစားရပါ လိမ့်မယ်။
ချစ်သူဘဝဆိုတာ နား လည်မှုအပေါ် အခြေခံပြီး တည် ဆောက်မှ သာယာမှာပါ။ သူတစ်ယောက်ဆိုရင် ဒီနေ့ကစပြီး အဲဒီအကျင့်ကို ဖျောက်သင့်ပါ တယ်။ ဘာလို့လဲဆိုတော့ အနိုင် ကျင့် ဗိုလ်ကျတတ်တဲ့အကျင့်ဟာ အတ္တကြီးသူတစ်ယောက်ဖြစ်လာစေ ဖို့ပဲ။ အတ္တကြီးသူတစ်ယောက်ဟာ ချစ်သူအပေါ်၊ မိသားစုအပေါ်၊ သူငယ်ချင်းတွေအပေါ် အနိုင်ယူ ချင်လာရင် ရေရှည်မှာ ရလဒ်က မကောင်းပါဘူး။ ချစ်သူနဲ့တွေ့ရင် ကိုယ်က ချည်းပဲ စကားနိုင်လုပြီး ပြောနေရင် ဘယ်မှာပျော်စရာကောင်းပါ့မလဲ။
တစ်ဖက်က ချစ်သူရဲ့ အဆင်ပြေမှု၊ အဆင်မပြေမှုတွေကိုလည်း နား ထောင်ပေးဖို့ လိုပါတယ်။ တချို့ ယောကျာ်းလေးတွေကျတော့ တစ်မျိုး၊ လက်ဖက်ရည်ဆိုင်ထိုင်ရင် ပဲဖြစ်ဖြစ်၊ စားသောက်ဆိုင် ထိုင်ရင် ပဲဖြစ်ဖြစ် ရည်းစားကိုပဲ ပိုက်ဆံ ရှင်းခိုင်းပါတယ်။ တစ်ခါ၊ နှစ်ခါဆို ရင် အကြောင်းမဟုတ်ပေမယ့် အမြဲ တမ်းကျ တစ်ဖက်က ငြိုငြင်လာပါ တယ်။ အချစ်မှာ အတ္တကြီးသူဟာ အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်ဆိုတာ မမေ့သင့်ပါဘူး။ တချို့ကျပြန်တော့ လည်း လိုတာထက်ပိုပြီး သဝန်တိုပြ ရင်းနဲ့ ကိုယ့်အတ္တကိုယ် အစာကျွေး ကြပြန်ရော။
ကိုယ့်အပေါ် အချစ် ဆုံးဖြစ်စေချင်တဲ့ ဆန္ဒက ကိုယ့်ချစ် သူကိုချစ်တာထက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်နေတာကို သက်သေထူနေ တာပါ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတာဟာ မျှဝေခံစားခြင်း (Sharing) ဖြစ်ပါတယ်။ တစ် ယောက်ရဲ့ပျော်ရွှင်မှုကို တစ် ယောက်က ဖန်တီးပေးဖို့ဖြစ်ပါ တယ်။ ဒီ့ထက်ပိုပြီး အရေးကြီးတာ ဟာ တစ်ယောက်ရဲ့ လွတ်လပ်ခွင့် ကိုတစ်ယောက်က အသိအမှတ်ပြု ဖို့ပါပဲ။ တကယ်တော့ လူ့ဘဝဟာ တိုတောင်းပါတယ်။ တိုတောင်း လှတဲ့လူ့ဘဝမှာ ကိုယ်စီအတ္တတွေ ကို လျှော့ချနိုင်မှသာ ချမ်းမြေ့တဲ့ ဘဝကိုတည်ဆောက်နိုင်မှာပါ။
“ချစ်ခြင်းမေတ္တာဆိုတာ အတ္တဆန် တာကို အောင်နိုင်ဖို့ပါပဲ” ဆိုတဲ့ စကားအတိုင်း အတ္တကို အောင်နိုင် ပြီး စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ချစ်သူဘဝရဲ့ ရက်စွဲတွေကို ဖြတ်ကျော်နိုင်ပါစေ လို့ ဆန္ဒပြုလိုက်ပါရဲ့။ ။
0 comments:
Post a Comment