Thursday, August 2, 2012

ဆီးရီးယား အရေး ရုရှားစိုးရိမ်းလာ

ဟွဏ်းဘီးလ် (MR)။    ။  ရုရှားနိုင်ငံဟာ ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အခြေအနေတွေကို အရေးပေါ် အခြေအနေအဖြစ် ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံဟာ ဆီးရီးယားအရေး ကိစ္စကို ရှုပ်ထွေးမှုတစ်ခုအဖြစ် သတ်မှတ်ထားရာကနေ ဆီးရီးယားနိုင်ငံအတွင်းမှာ ပဋိပက္ခတိုက်ပွဲတွေ ပိုမိုများပြားလာတဲ့အတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်လိုက် တာဖြစ်ပါတယ်။

ရုရှားဝန်ကြီးချုပ် Dmitry Medvedev လက်မှတ်ရေး ထိုးထားပြီး ၀က်ဘ်ဆိုက် တစ်ခုမှာ ဖော်ပြထားတဲ့ ညွှန်ကြားချက် တစ်ခုအရ အခြေအနေ ရှုပ်ထွေး လျက်ရှိတယ်လို့ သတ်မှတ်ထားတဲ့ နိုင်ငံများစာရင်းကနေ ဆီးရီးယား အပါအ၀င် ဗဟိုအာဖရိက ရီပတ်ဗလစ်နိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတို့ကို ထုတ်ပယ်ခဲ့ပြီး အိန်္ဒိယနဲ့ ကင်ညာနိုင်ငံတို့ကို အဆိုပါ စာရင်းထဲ ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဆီးရီးယားနိုင်ငံကို အရေးပေါ်အခြေအနေ ကြုံတွေ့ နေရတဲ့ နိုင်ငံ၊ တနည်းအားဖြင့် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့နိုင်ငံတွေ စာရင်းမှာ ပြောင်းလဲ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို စာရင်းခွဲခြား သတ်မှတ်တာဟာ နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ရုရှား သံတမန်တွေအတွက် အန္တရာယ်ကို တွက်ချက်ဖို့နဲ့ လုံခြုံရေးဆိုင်ရာ အကြံပြုချက်တွေ ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံ အတွင်းမှာလည်း အစိုးရတပ်ဖွဲ့တွေနဲ့ အတိုက်အခံတွေအကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာ နေတယ်လို့ သိရပါတယ်။

0 comments:

Post a Comment