ဟွဏ်းဘီးလ်။ ။ ဆီးရီးယား နိုင်ငံရှိအစိုးရ လေတပ်မှ တိုက်ခိုက်မှုများနှင့် ဗုံးကြဲ ချမှုများကြောင့် သောကြာနေ့က နိုင်ငံအရှေ့ပိုင်း အီရတ်နယ်စပ်မျဉ်းအနီးရှိ Mayadin မြို့ တွင်အနည်းဆုံးလူ ၂၁ ဦးသေဆုံးခဲ့ရကြောင်းသိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှု မှတစ်ဆင့် တော်လှန်ရေးသမားများ သိမ်းယူထားသည့်မြို့ကို အစိုးရမှပြန်လည်သိမ်း ယူနိုင်ခဲ့ကြောင်းလည်း ကြွေးကျော်ခဲ့သည်။
ယခုလို တိုက်ခိုက်မှုမှတစ်ဆင့် အစိုးရအနေဖြင့်မငြိမ်သက်မှုဖြစ်ပွားသည့် ၁၇ လတာကာလအတွင်း ပထမဆုံး အနေဖြင့် Mayadin မြို့ကို ပြန်လည်းထိန်း ချုပ်နိုင်ခြင်းပင်ဖြစ်သည်။
ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေသည့် အနေအထားသို့ရောက်နေပြီဖြစ်ပြီး ကုလသမ္မဂ္ဂစောင့်ကြည့်သူများမှာလည်း နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့ပြီဖြစ်ကာ ပြင်းထန်သည့်တိုက်ပွဲများလည်း ဖြစ်ပွားနေရခြင်းဖြစ်သည်။
0 comments:
Post a Comment