ဟွဏ်းဘီးလ် (NYM, Xinhua)။ ။ နေ့စဉ် ဆုတောင်း ဝတ်ပြုခြင်းက အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပေါ် နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင် ကြောင်း အစ္စရေးနှင့် အမေရိကန်တို့၏ ပူးတွဲလေ့လာချက်အရ သိရသည်။ အမေရိကန်ပြည်ထောင်စု အမျိုးသား ကျန်းမာရေးဌာန၏ လေ့လာချက်အရ နေ့စဉ်ဆုတောင်း ဝတ်ပြုမှုပြုလုပ်သော အမျိုးသမီးများသည် အယ်လ်ဇိုင်းမား သို့မဟုတ် ဦးနှောက်ဆဲလ်များ ပျက်စီးယိုယွင်းခြင်းဖြစ်ပေါ်မှု ၅၀ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
လွန်ခဲ့သည့်လအတွင်းက အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့၌ပြုလုပ်သော ညီလာခံ တစ်ရပ်တွင်လည်း အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ဖော်ပြကာ ဆွေးနွေးခဲ့သည်။ ယင်း၌ နေ့ စဉ်ဆုတောင်းဝတ်ပြုခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပေါ်နိုင်ခြေကို ကာကွယ်နိုင်ကြောင်း တဲလ်အဗစ်တက္ကသိုလ်မှ သုတေသနပညာရှင် ပါမောက္ခ ရစ်ဗ်ကာအင်ဇယ်ဘက်က ပြောကြားခဲ့သည်။
၎င်းအပြင် အစ္စရေးသုတေသနအဖွဲ့သည် အာရှတိုက်၌ လေ့လာမှုများ ပြုလုပ်ခဲ့ရာတွင် မွေးကင်းစအရွယ် ကလေးငယ်များ သေဆုံးမှုနှင့် ရောဂါရမှုသည် ဘာသာရေး ကိုင်းရှိုင်းသော လူမှုအသိုက်အဝန်း၌ လွန်စွာလျော့နည်းကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
0 comments:
Post a Comment